No.(I-15), Sabal Street, Pan Hlaing Avenue, Sanchaung, Yangon.

#MyKhaYee

အားလုံးပဲမင်္ဂလာပါရှင်။ Chilli ခရီးသွားတိုင်းအမြဲယူသွားဖြစ်တဲ့ မိန်းကလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းလေးတစ်ခုအကြောင်းပြောပြပေးချင်ပါတယ်။ Chilli တို့လို Travel Blogger တွေအနေနဲ့ ခရီးသွားတဲ့အချိန်မှာ ဓမ္မတာလာတာနဲ့ကြုံတွေ့ရမယ်ဆိုရင် အရမ်းကိုစိတ်ရှုပ်ရပါတယ်။ ခရီးကပန်း လူကသက်တောင့်သက်သာမရှိနဲ့မို့ ခရီးသွားနေတဲ့အချိန်ဓမ္မတာလာမှာကိုအရမ်းကြောက်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Travel Blogger ဖြစ်တာမို့ ခရီးကလည်းမသွားရမနေနိုင်ဆိုတော့ ကိုယ့်အတွက်သက်တောင့်သက်သာဖြစ်စေမယ့် အမျိုးသမီးလစဉ်သုံးပစ္စည်းကို အသည်းအသန်ရှာရင်းနဲ့ပဲ အရမ်းသဘောကျတဲ့ရှုယကိုတွေ့ခဲ့ပါတယ်။ သူ့ကိုစိတ်ဝင်စားသွားတဲ့ပထမဆုံးအချက်က ၁၈နာရီကြာဘက်တီးရီးယားပိုးမွှားတွေကိုကာကွယ်ပေးနိုင်တဲ့ Anion Chip လေးပါဝင်တယ်ဆိုတာကိုပါ။ Chilli တို့လိုခရီးအမြဲသွားနေရတဲ့သူတွေအတွက်တော့ pads ကိုအချိန်ခဏလေးနဲ့လဲဖို့အဆင်မပြေနိုင်တာဆိုတော့အချိန်အကြာကြီး ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးဖို့ကအရေးအကြီးဆုံးပါပဲ။ ဒ့ါအပြင်ဒီ pad လေးကိုစသုံးကြည့်တဲ့အချိန်မှာ ပါးပါးလွှာလွှာလေးနဲ့သက်တောင့်သက်သာဖြစ်လွန်းတာမို့ စိတ်ရှုပ်တာတွေ၊စိတ်ပင်ပန်းတာတွေသိသိသာသာလျော့လာတာကိုသတိထားမိပါတယ်။ သူကပူရှိန်းဓာတ်လေးလည်းပါဝင်တာမို့ စိတ်ကိုလန်းဆန်းစေပြီး လုံခြုံမှုအပြည့်ပေးနိုင်တာကြောင့် အရမ်းကိုအဆင်ပြေခဲ့ပါတယ်။ ဒါကြောင့်မို့ ခရီးသွားတိုင်း ကိုယ့်အတွက်ရော၊သူများတွေအရေးပေါ်လိုလာရင်ပါပေးလို့ရအောင်အမြဲဆောင်ထားဖြစ်ပါတယ်။ ရှုယကိုအမြို့မြို့အနယ်နယ်မှာရှိတဲ့ City mart, Ocean Super Center, Beauty Diary, Medicare, ရွှေအိုးနဲ့စတဲ့နေရာတွေမှာလည်းအလွယ်တကူဝယ်နိုင်တာမို့ တော်တော်အဆင်ပြေပါတယ်။