No.(I-15), Sabal Street, Pan Hlaing Avenue, Sanchaung, Yangon.

#Dr. Seint San Phyu

#အမျိုးသမီးလစဉ်သုံးဂွမ်းထုတ်လေးတွေဘယ်လိုရွေးချယ်မလဲ

ကျမတို့တွေဟာ ရာသီလာစဉ်အတွင်း တခါတလေကျရင် လစဉ်သုံးဂွမ်းထုတ်အပိုလေးတွေ ဆောင်ဖို့မေ့တတ်ကြတဲ့အတွက် တနေကုန်လုံး ဒီ pad တခုတည်းနဲ့နေနေတတ်ကြပါတယ်။ အမျိုးသမီးလစဉ်သုံးပစ္စည်းအများစုဟာ ၃ နာရီ ၄ နာရီခြားတခါ အသစ်မလဲလှယ်ဖြစ်ဘူးဆိုရင် ဘတ်တီးရီးယားပိုးတွေပေါက်လာပြီး ဆီးပိုးဝင်တာ၊ မိန်းမကိုယ်ရောင်ရမ်းတာစတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာတတ်ပါတယ်။
ကျမတို့အသုံးပြုနေတဲ့ လစဉ်သုံးဂွမ်းတွေမှာ ဘတ်တီးရီးယားပိုးကောင်တွေ၊ မှိုတွေ ပေါက်ရောက် တတ်တယ်ဆိုတာ သိပါသလား။ ဒါတွေကြောင့် ကျမတို့အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်းပိုးဝင် တာ၊ မိန်းမကိုယ်ရောင်ရမ်းတာတွေ ကို ကြုံကြရပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်တာကို သေချာမကုဘူးဆိုရင် မကြာခဏပိုးဝင်တာ၊ နာတာရှည်ကျောက်ကပ်ရောင် ရောဂါ၊ ဆီးလမ်းကြောင်းကျုံ့ပြီးကျဉ်းသွားတာ၊ သွေးထဲပိုးရောက်ပြီးသွေးဆိပ်တက်တာအသက်အန္တရာယ် ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။
..
ဒီပိုးတွေဘာကြောင့်ဝင်လဲ????
စိုထိုင်းတဲ့ အတွင်းခံတွေ ဝတ်မိတာ၊ မိန်းမကိုယ်ကို ဆပ်ပြာနဲ့ဆေး ကြောတာ၊ အမွှေးရနံ့ပါတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ သုံးတာ၊ ဘောင်းဘီကျပ်ကျပ်ကြီးတွေ ဝတ်တာ၊ တွေကြောင့် ဒီလိုတွေ ကြုံရတတ်ပါတယ်။
ဇစ်မြစ်ကိုသေချာလေ့လာကြည့်မယ်ဆိုရင် အရည်အသွေးမမီတဲ့ အမျိုးသမီးလစဉ် သုံးပစ္စည်းတွေဟာ ထိပ်ဆုံးကပါဝင်နေတာကို တွေ့ရပါလိမ့်မယ်။
လစဉ်သုံးပစ္စည်းတွေဟာ စုပ်ယူမှုအားကောင်းပြီး လေဝင်လေထွက်ရှိနေမှသာ သန့်စင်ခြောက်သွေ့ပြီး ဘတ်တီးရီးယားတွေ မပေါက်ပွားနိုင်မှာပါ။ စုပ်ယူမှုအားမကောင်းရင် စိုစွတ်နေမှာဖြစ်ပြီး လျှံမကျအောင်အလုံ ပိတ်ထားတဲ့ပစ္စည်းတွေကြောင့် လေဝင်လေထွက်မကောင်းဘဲ ဘတ်တီးရီးယားတွေ ပေါက်လာနိုင်ခြေ အင်မတန်များပါတယ်။ဒီအတွက်ကတော့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ခပ်လွယ်လွယ် ခပ်ပေါပေါ ဝယ်မသုံးသင့်ပါဘူး။

Anion chip နဲ့ far infrafed ray ထည့်သွင်းပေးထားတဲ့ လစဉ်သုံးဂွမ်းထုတ်မျိုး၊ အောက်ခြေအလွှာမှာလေ၀င်လေထွက်ရှိပြီး အရည်တွေစိမ့်မထွက်နိုင်အောင် ပြုလုပ်ထားတဲ့ ဂွမ်းထုတ်မျိုးတွေဟာ အောက်ဆီဂျင်မဲ့ဘက်တီးရီးယား ပေါက်ပွားမှုကိုတားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် Anion chip ဟာ သားအိမ်လမ်းကြောင်းတွင်း အက်ဆစ်ပမာဏကိုထိန်းညှိပေးပြီး အမျိုးသမီးတွေရဲ့ကိုယ်ခံအားနဲ့ ရောဂါကာ ကွယ်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေတာ တွေ့ရပါတယ်။
အမွှေးနံ့ထည့် ထားတဲ့ လစဉ်သုံးပစ္စည်းတွေဟာ မိန်းမကိုယ်ကို ရောင်ရမ်းစေတာကြောင့် အမွှေးနံ့မထည့်ထားတာမျိုးကို ရွေးခြယ်အသုံးပြုသင့်ပါတယ်။
ဒါကြောင့် လစဉ်သုံးဂွမ်းထုတ်ရွေးခြယ်တယ်ဆိုတာ စျေးသက်သာတာ၊ ပတ်ကင်လှတာကိုပဲကြည့်ပြီး ရွေးလို့မရပါဘူး။
ဒါကြောင့်စိမ့်ကိုယ်တိုင်လည်း ကျန်းမာရေးထောက်ခံချက်အပြည့်အဝပေးနိုင်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းကိုရွေးချယ်ဝယ်ယူဖြစ်ပါတယ်။
စိမ့်ကိုယ်တိုင်လည်းလက်ရှိမှာအသုံးပြုနေပြီး မိန်းကလေးတွေအားလုံးကိုကျန်းမာရေးနဲ့အညီထုတ်လုပ်ထားတဲ့ ရှုယလေးကိုညွှန်းပေးချင်ပါတယ်
စိမ့်အပေါ်မှာပြောခဲ့တဲ့ ကျန်းမာရေးနဲ့ကိုက်ညီတဲ့အချက်အလက်တွေအားလုံးပါဝင်တဲ့ လေးဖြစ်တာကြောင့် ညွှန်းပေးလိုက်တာပဲဖြစ်ပါတယ်။
ဒေါက်တာစိမ့်ရဲ့ကျန်းမာရေးဆောင်းပါးတွေကို အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးကျန်းမာလှပကြပါစေ။