No.(I-15), Sabal Street, Pan Hlaing Avenue, Sanchaung, Yangon.

#Beauty by Nay Chi

မိန်းကလေးတိုင်းသိသင့်တဲ့ လစဉ်သုံးပစ္စည်းများအကြောင်း

မိန်းကလေးဖြစ်ရတာ တကယ်တော့ မလွယ်ပါဘူး။ တနေ့တနေ့ တကိုယ်ရည်သန့်ရှင်းမှုအတွက် အချိန်ကုန်ငွေကုန်နဲ့တခါတလေ ယောက်ျားလေးဘဲ ဖြစ်လိုက်ချင်တော့တယ်။ စတာပါ မိတ်ကပ်တွေ ဒေါက်ဖိနပ်တွေနဲ့ ကာလာစုံ ဘဝလေးမှာ ပျော်ပါတယ်လို့။
နေခြည်မှတ်မိသေးတယ်
ငယ်ငယ်တုန်းက အပျိုဖော်စဝင်တုန်းကဆိုလေ ဒုက္ခတွေရောက်လိုက်တာ!!! မေမေ့ကိုလည်း ပွင့်ပွင့်လင်းလင်းမမေးရဲ အမျိုးသမီးသုံးပစ္စည်းတွေဆိုလည်း
ဘာတံဆိပ်ဝယ်ပြီး ဘယ်လိုသုံးရမလဲ တောင်ပံနဲ့ ပြန်ရမှာလား ? မပြန်ရဘူးလားလည်းမသိ ယုတ်ယွအဆုံးရာသီလာပြီဆို အမျိုးသမီးပစ္စည်းကို သေချာမသုံးတတ်လို့ ကျောင်းစိမ်းထမီဝတ်ရင် တင်ပါးနားမှာဖောင်းနေတာကို နွေးထည်အမဲအရှည်နဲ့ အမြဲဖုံးခဲ့ရတယ်။ ??

ရာသီလာပြီဆို ကျောင်းမသွားချင်လောက်အောင် အမြဲစိတ်ဆင်းရဲခဲ့ရတယ်။ ဘယ်တော့များထဘီမှာ ကွက်သွားမလဲ အတန်းထဲကယောက်ျားလေးတွေများသိသွားပြီးငါ့ကိုစနေမလား အိုးးးးးစုံနေတာပါဘဲ အဆိုးဆုံးကတော့ အိမ်သာသွားရင်အဲ့ပစ္စည်းကို ယူသွားရမှာ အကြောက်ဆုံးနဲ့ အရှက်ဆုံးဖြစ်ခဲ့ရတဲ့ အချိန်တွေပါ။ လက်ကကျစ်ကျစ်ဆုတ်ပြီခိုးသယ်သွားရ စာအုပ်ကြားထဲ ထိုးထည့်ရ? ထမီခါးကြားထဲခေါက်ထည့်ခဲ့ရတဲ့?အချိန်တွေက မရေမတွက်နိုင်ပါ။ ဘာ brand ကောင်းလည်း သိဖို့နေနေသာ ? ကိုယ့်ဟာကိုယ် ဓမ္မတာလာတယ်ဆိုတာတောင် ဘာမှန်းရှင်းပြပေးမယ့် workshop တွေ ကျောင်းကျန်းမာရေး ဟောပြောပွဲတွေဆိုတာ
မမြင်ဖူး မကြားဖူးပါ။❌❌

ကဲဒီတော့ မမနေခြည်က အခု ကျောင်းပြန်တက်ကျတော့မယ့် ညီမလေးတွေအတွက် အဓိကထားပြီး ဟောပြောပွဲတွေ? မလုပ်ပေးနိုင်ပေမယ့် အိမ်ကမေမေတွေနဲ့ဆွေးနွေတိုင်ပင်ရမှာရှက်ရွံ့နေတဲ့ ဓမ္မတာရာသီလာရခြင်းအကြောင်းနဲ့ ဘယ်လို အမျိုးသမီးလစဉ်သုံး ပစ္စည်းမျိုးကို ရွေးရမလဲဆိုတာ ခပ်ရှည်ရှည်စာလေးနဲ့ စိတ်ရှိလက်ရှိရှင်းပြမှာမို့လို့ ဆက်ဖတ်ကြရအောင်နော်။‼️‼️

?အမျိုးသမီးများ ပျိုဖော်ဝင်ဓမ္မတာလာရခြင်း အကြောင်းအရင်း⁉️⁉️⁉️

ပထမဦးဆုံးအချိန်ရာသီလာပြီဆိုတာနဲ့ သဘာဝတရားကြီးက….
“အသင်မိန်းကလေး သင်ဟာလူသားလုံးလုံးမြောက်လေပြီ။
သင့်ခန္ဓာကိုယ်သည် ကောင်းခြင်းမင်္ဂလာအဖျာဖျာနှင့် ဖွံ့ဖြိုးတိုးတက်ရန် အချိန်ကျလေပြီ။
သင်သည် မိန်းမသားတစ်ဦး၏ အဓိကစွမ်းဆောင်ရာဖြစ်တဲ့ လူသားများပြန်လည်မွေးထုတ်ပေးနိုင်ရန် ?သင်၏ခန္ဓာကိုယ်သည် အလွန်ကောင်းမွန်ကျန်းမာသော စက်ယန္တရားတစ်ခုအဆင့်လို့ရောက်ရှိလေပြီ”

လို့ပြောလိုက်တာဘဲဖြစ်ပါတယ် (copyright: nay chi oo)

??ဓမ္မတာဆင်းခြင်းဆိုတာ မိမိခန္ဓာကိုယ်က သန္ဓေဆောင်ဖို့ ဥလေး သန္ဓေပြွန်မှာ ထားပေးလိုက်ပါတယ်။ အဲ့အချိန်မှာ အဖိုဆီက sperm ကောင်းလေးနဲ့ ပေါင်းလိုက်မိရင်တော့ သန္ဓေအောင်တဲ့သားဥအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။ အဲ့ဒီ အောင်သွားတဲ့ သားဥလေးကို ပျကိမကျအောင် မိခင်ဆီက အစာအာဟာရတွေပေးနိုင်အောင် အကောင်လေးကြီးလာတာနဲ့အမျှ သူ့ရဲ့ အလေးချိန်ကို ခံနိုင်အောင် ခန္ဓာကိုယ်ကြီးက အိပ်မွေ့ရာကြီးသဖွယ် သားအိမ်ထဲမှာ သွေးကြောတွေနဲ့ ပင့်ကုအိမ်လို ရစ်ပတ်နှောင်ဖွဲ့လိုက်ပြီး သားဥကို ပြုစုစောင့်ရှောက်ပေးပါတယ်။ ☀️✨ဒီ မဥလေး သားပြွန်မှာ ရှိနေတဲ့အချိန်က limited ဖြစ်ပါတယ်။ အချိန်ကာလ ကုန်လွန်သွားပြီး sperm ကောင်လေးနဲ့ မတွေ့ဖြစ်ရင်တော့ ခန္ဓာကိုယ်ကြီး ကသန္ဓေသားအတွက်ပြင်ဆင်ထားတဲ့ ဒီရဲရဲနီမွေ့ရာကြီးကို ဖြိုချ ဖျက်စီးပြီး ခန္ဓာကိုယ်ပြင်ပသို့ မိန်းမကိုယ်လမ်းကြောငငးက တဆင့်ထုတ်ပစ်လိုက်ပါတယ်။ ????ဒါကို ရာသီလာခြင်းလို့ခေါ်ပါတယ်။

??စစဦးဆုံး ရာသီမလာခင်အစမှာပင် ခန္ဓာကိုယ်တွင်းကဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ်အဂါၤအပြောင်းအလဲတွေတွေ့လာရပါမယ်။ ရင်သားများတင်းလာမယ် နှဖူးတပြင်လုံး ဝက်ခြံတွေစူထွက်လာမယ် ?အသံပြောင်းလာမယ် အရပ်ရှည်မယ် တင်ပါးတွေ ကြီးထွားလာပါမယ်။?

ဒါတွေဟာ မိန်းကလေးအများစု အနည်းနှင့်အများကြုံတွေ့ကြတာမို့ ဝက်ခြံတွေပေါက်လည်း စိတ်မညစ်နဲ့ ?ရင်ဘက်တွေတင်းပြီး ထိလိုက်တိုင်းအောင့်သွားလည်း စိတ်မပူနဲ့ ?? မနေခြည်တို့ အကုန် တွေ့ကြုံခဲ့ရပါတယ်။ ဒီလိုလေးတွေးကြည့် “ပိုးတုန်းလုံးကနေ ရောင်စုံလိပ်ပြာလေးတွေအဖြစ်ပြောင်းလဲလာတဲ့ အဆင့်နဲ့ တူတယ်လို့”???

ဒါကတော့ အပြင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေပေါ့ အတွင်းပိုင်းဇီဝကမ္မပြောင်းလဲမှုတွေမှာဆိုရင်တော့ တယောက်နဲ့တယောက် မတူကြပါဘူး တချို့က ရာသီမလာခင်နဲ့ ရာသီလာစဉ်မှာ ဒေါသထွက်လွယ်တယ် ဝမ်းနည်းလွယ်တယ် စိတ်ကတခုခုဆို ကစဉ်ကလျဖြစ်လွယ်တယ်။

ရာသီလာတယ်ဆိုတာ မိန်းကလေးတွေမှာ အသက် ၉ နှစ်ကနေ ၁၆နှစ်ကြား လာတတ်ပါတယ်။ ??အများစုကတော့ ၁၁နှစ်ကနေ ၁၃နှစ်ကြားလာတတ်ကြပါတယ်။ ပထမဦးဆုံး စလာတဲ့အခါ ခါးနာတာတွေ ဗိုက်အောင့်တာတွေဖြစ်တတ်လို့ ရေနွေးအိတ်ကပ်တာ မျိုး အရမ်းကိုက်လာရင် para တလုံးလောက်အစာစားပြီးသောက်ပေးနိုင်ပါတယ်။
ပထမဆုံးလတဲ့အခါ ဓမ္မတာ မမှန်တာ နည်းနည်းနဲ့ ရက်ရှည်လာတာ ကွက်ပျောက်လာတာမျိုးတွေဖြစ်တတ်လို့ panty liner လို့ခေါ်တဲ့ အမျိုးသမီးနေ့စဉ်သုံး ပစ္စည်းအပါးလေးသုံးပေးသင့်ပါတယ်။ ပုံမှန်ဆိုရင် ရာသီစက်ကွင်းက ၂၈ ရက်တစ်ခါ ဆင်းပါတယ်။ တစ်ခါဆင်းရင် သုံးရက်ကနေ ငါးရက်အထိဆင်းတတ်ပြီး ဒုတိယနေ့နဲ့ တတိယနေ့မှာ အများကြီးဆင်းတတ်ပါတယ်။ ဒါကကျန်းမာပြီး အခြား ရောဂါများအတွက်ပြင်ပဆေးဝါးတွေ သန္ဓေတားဆေးနဲ့ အခြားဟော်မုန်းဆေးတွေမသုံးရတဲ့သူတွေမှာပါ။ ဒါကြောင့် ကျောင်းသူအရွယ်လေးတွေမှာ မိမိရာသီရာသီစလာတဲ့ ရက်ကို မှတ်ပြီး နောက် ၂၈ရက်တိတိမှာ ရာသီလာနိုင်တာမို့ calender လိုမျိုးမှာ မိမိအမှတ်အသားလေးနဲ့ မှတ်ထားလို့ရှိရင် ကိုယ့်ဘက်က ကြိုတင်ကာကွယ်နိုင်တာပေါ့

နေခြည်ငယ်ငယ်တုန်းကဆို ဒီလောက်တောင်ရှင်းပြပေးဖို့ အမတွေ အမေတွေမရှိခဲ့ပါဘူး ?? ဒါကြောင့်လည်း အဖြူဆင်းရင် ရာသီရုတ်တရက်လာရင် ခရီးသွားရင် ညဘက်တွေအိပ်ရင် အမြဲအဆင်မပြေဖြစ်ခဲ့ရပါတယ်♨️ Brand ဆိုလည်း ကုန်စုံဆိုင်တိုင်းမှာရတဲ့ ဈေးသက်သာတဲ့ ပစ္စည်းဘဲ ဘဝမှာ မရှိမဖြစ်အကောင်းဆုံးပေါ့။ ❔
အမျိုးသမီးသုံး ပစ္စည်းအညံ့စားတွေသုံးခဲ့မိလို့ ?ထမီဝတ်ရင် အနောက်မှာ အလုံးလိုက် အဖောင်းလိုက် ⭕️အလယ်မှာ လည်း ဂွမ်းအညံ့စားတွေကြောင်းလုံးလုံးကြီးဖြစ်နေပြီး ခြေထောက်နှစ်ချောင်းချိတ်မရ ချမရ နဲ့ ကျောင်းမှာ အရမ်းများတဲ့နေ့တွေဆို နေ့လည်ကျောင်းဆင်းခံနီးရင် အနံ့တွေထွက်လာလို့ မိန်းခလေးအချင်းချင်းတောင် ရွံသလိုလို ညစ်ပတ်သလိုလို ကြည့်ခံရတာလည်း လတိုင်းလိုလိုပါဘဲလေ။ ပြီးတော့ မွှေးပါတယ်ဆိုတဲ့ ပြင်ပဓါတုဆေးတွေပါတဲ့ ပစ္စည်းတွေသုံးမိလို့လည်း မိန်းမကိုယ်ယားယံတာတွေဖြစ်ခဲ့ရဘူးတယ်။

အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ဈေးကွက်ထဲမှာ အများကြီးရှိပါတယ်။ ဖြူနီပြာဝါ မြန်မာ ယိုးဒယား တရုတ် အိုစုံပလုံစိဘဲ ဈေးနှုန်းဆိုလည်း ရာဂဏန်းကနေ ထောင်ကျော် တချို့နိုင်ငံခြား made တွေဆို သောင်းဂဏန်းတောင်ကပ်နေပြီလေ။ နေခြည် ပြန်ရောက်ခါစကဆို မျိုးစုံကြိုးခုံပြီး သုံးခဲ့ဖူးတယ်။ highschool ကျောင်းတက်တုန်းက ဈေးပေါပေါရတာအကုန် သုံးတယ် တက္ကသိုလ်ကျောင်းသူဘဝကျတော့ Tempax ဖြစ်သွားရော ဘွဲ့ရပြီး ရန်ကုန်ပြန်ရောက်ခါစမှာတော့ တော်တော်စိတ်ဆင်းရဲခဲ့ရတယ်။
ရွေးစရာတွေကခပ်များများ ဘယ်တစ်ခုမှအဆင်မပြေ သို့လောသို့လောနဲ့ စမ်းတဝါးဝါးသုံးနေပြီး အခု SHUYA တံဆိပ်သုံးကြည့်ပြီးမှဘဲ နေခြည်နဲ့ အဆင်ပြေတော့တယ်။ ဒီ brand လေးကို review ရေးပေးချင်တာကြာပြီဖြစ်ပေမယ့် ကိုယ့်ဘက်က
day use
night use
pantyliner တွေကို သူ့ brand တစ်ခုထဲသေချာမသုံးကြည့်သေးတာနဲ့ မရေးဖြစ်ခဲ့ဘူး။ အရင်လက်စ brand ဈေးကြီးတာတွေ အရင်ကုန်အောင်သုံး သူများတွေ လက်ဆောင်ပေးပြီးမှဘဲ အခုဒီ brand တစ်ခုထဲ စိန်ပြေနပြေသုံးကြည့်ရတော့တယ်။

နာမည် အပြည့်အစုံကတော့ Health Shuya Sanitary Napkin ပါ။ သူကရိုးရိုးသာမာန်လစဉ်သုံး ပစ္စည်းမဟုတ်ဘဲ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းပါလို့ ပြောထားပါတယ်။ ဘာလို့အဲ့လိုများရေးသလဲဆိုပြီးသူတို့ SHUYA facebook page ကိုဝင်ကြညိ့မိလေသည်ပေါ့။ အဓိကကတော့ ⛑Active Oxygen (Oxygen 3) compound ပါဝင်မှုကြောင့် အတွင်းဆုံးအလွှာအထိ အောက်ဆီဂျင်ကိုသယ်ဆောင်ပေးနိုင်တော့ လေဝင်လေထွက် သူများတွေထက်ပိုကောင်းတယ်။
⛑Negative Ion ကိုတော့ ရေးထားတာသိပ်နားမလည်လိုက်ဘူးပေါ့နော် (ကိုလည်း biochemistry တော့ Aရခဲ့တာဘဲဟီး) ရေးထားတာကတော့ ရာသီလာစဉ် ကိုက်ခဲမှုကို လျော့ကျစေပြီး ကိုယ်ခံအားကောင်းစေတယ် စိတ်ဂယောင်ခြေက်ခြားဖြစ်တာလျော့စေတယ်တဲ့။ ⛑FAR-INFARED (FIR) ပါတာကတော့ နည်းနည်းကြမ်းသွားပြီပြောရမယ်။ သူက သွေးလည်ပါတ်မှုကောင်းစေပြီး သွေးကြောပိတ်ဆို့မှုတွေကိုလည်း ချေဖျက်ပေးနိုင်တယ်။

စုပ်ယူမှုအားသုံးဆကျော် ပိုကောင်းပြီး စိုစိုထိုင်းထိုင်းကြီး လုံးဝမရှိဘူး mint leaf ပါဝင်မှုကြောင့် ပူရှိန်းတဲ့ အနံ့အထိအတွေ့နဲ့ ဘက်တီးယားပေါက်ပွားမှုကို ကာကွယ်ပေးပြီး အနံ့အသက်ထွက်ခြင်းကိုလည်ယတားဆီးပေးပြန်တယ် (ဒါတော့ ကိုယ်တွေ့ပါ)အပြင်ပန်းတင် မဟုတ်ဘဲ ခန္ဓာကိုယ် အတွင်းပိုင်းအထိကာကွယ်ကုသပေးတာဆိုတော့ နေခြည်ဦးတစ်ယောက် ဒါကျော်အောင်ညာတဲ့ ဟာကြီးလားလို့တော့ ထင်မိပါသေးတယ်။ FDA ဘယ်ကရလည်း ကြည့်ကြည့်တော့ wow amazing ပါ။ အမေရိကန် FDA အသိအမှတ်ပြု ISO 14001:2015 ဆိုတော့ ဒီလို premium quality ဆေးကျန်းမာရေးအထောက်အကူပြု လစဉ်သုံးပစ္စည်း သွင်းပေးတဲ့ company ကိုတကယ်ချီးကျုးမိတယ် ဂုဏ်လည်းယူတယ်။

ဘယ်လောက်ပဲလှုပ်လှုပ်ရှားရှားလုပ်လုပ် Gym ဘဲပြေးဆော့ဦး ဂွမ်းလုံးသွားတာ၊ နေရာရွေ့သွားတာမျိုးမရှိပဲ ပေါ့ပေါ့ပါးပါးနဲ့ ပုံကျပြီး ဝတ်ထားမှန်းမသိအောင် သက်တောင့်သက်သာရှိပါတယ်။

Beauty Diary မှာဝယ်တုန်းက ရလာတဲ့ လက်ကမ်းစာစောင်လေးဖတ်ကြည့်တော့သူက အလွှာ၈ လွှာနဲ့ ထုတ်ထားပြီး ပထမဆုံးအလွှာကတော့ အရည်ကို ၃ ဆ မြန်အောင် စုပ်ယူနိုင်တဲ့ ပိတ်စိမ်းပါးလေးနဲ့မို့ အပူလောင်မှာကိုလည်း မစိုးရိမ်ရပါဘူး။ အလွှာ ၈ လွှာနဲ့လုပ်ထားတယ်ဆိုလို့ ထူထူကြီးလို့မထင်လိုက်နဲ့နော် ပုံလေးတွေ ကြည့်ကြည့် slim ဘဲ။

ပစ္စည်းတစ်ခုချင်းစီကို လေလုံအောင် ပိုးသတ်ပြီး ပါကင်ထုတ်ထားတာမို့ လက်ကိုင်အိတ်ထဲထည့်သယ်သွားလို့လည်း ရတာက နေခြည့်အတွက် တော်တော်အဆင်ပြေပြီး သုံးတဲ့အခါလည်း စိတ်သန့်သန့်နဲ့ သုံးလို့ရသွားတယ်။
ကျောင်းသူလေးတွေအတွက် beauty hack ကတော့ day use လေးကို tissue ထုပ်လေးထဲကြားတိုးတည့်ပြီး အိမ်သာယူသွားလို့ရတဲ့ size လေးမို့ မနေခြည်တုန်းကလို ဒုက္ခမရောက်တော့ဘူးပေါ့လို့။

ပြီးတော့ ကျန်းမာရေး concern ရှိတဲ့ ပစ္စည်းလေးပီပီ အခြား brand တွေမှာမပါတဲ့ Shuya ရဲ့ အထုပ်တိုင်းမှာ မိန်းမကိုယ်အဂါၤရဲ့ PH အမှတ်ကို ကိုယ်ကိုယ်တိုင် အိမ်မှာဘဲ လွယ်လွယ်ကူကူစစ်နိုင်တဲ့ အိတ်ကလေးတစ်ခုဆီပါပါတယ်။ အဲ့အိတ်လးထဲမှာ ပိုးသတ်ထားတဲ့ ဂွမ်းတံရယ် အရောင်လေးတွေပြထားတဲ့ ကတ်ကဘေးရယ်ပါတယ်။ စမ်းမယ်ဆိုရင် အရင်ဆုံး ပိုးသတ်ထားတဲ့ ဂွမ်းတံလေးယူပြီး မိန်းမကိုယ်အဝမှာ သုတ်လိမ်းပြီး ယူလိုက်ပါ။
ပြီးရင် ကတ်ပေါ်မှာ ပါတဲ့ ဘယ်ဘက်ဒေါင့်ဆုံးကအဝါရောင်လိုင်းလေးပေါ်တင်ပါ။ ၁၀စက္ကန့်လောက်အခိ ဘာအရောင်မှ မပြောင်လဲဘူးဆို ဒါပုံမှန်ကျန်းမာပါတယ်။ အရောင်ပြောင်းလဲရင် ဓါတ်ပုံလေးရိုက်ထားပြီ ဆရာဝန်ကို သွားပြဖို့ မမေ့ပါနဲ့နော်။ တစ်ထုပ်ကို တစ်ခုဆီပါတာဆိုတော့ နှစ်လတစ်ခါ အိမ်မှာ ပုံမှန်လေးဆေးစစ်လို့ရတော့ အဆင်ပြေတာပေါ့။ ဆီးကိုစစ်တာမဟုတ်လို့ ဆီးနဲ့ ရောလို့မရသလို ရာသီလာနေတုန်းဆိုလည်း စစ်လို့မရပါ။

ကဲသူ့ရဲ့ ပစ္စည်းတစ်ခုချင်းဆီကိုလည်းရှင်းပြပြီး Product Review ပေးဦးမယ်နော်

SHUYA day use ခရမ်းရောင် ??
တစ်ထုပ်ကို ၂၂၅၀ ကျပ်နဲ့ ၁၀ခုပါပါတယ်။ အလျား ၂၄ စင်တီမီတာရှိလို့ အတွင်းခံဘောင်းဘီရဲ့ အရှေ့အနောက် သေချာကာကွယ်ပေးနိုင်တယ်။ တောင်ပံပါပြီးသားမို့လို့ လှုပ်ရှားမှုတိုင်းအတွက်ရှေ့နောက် မရွေ့ဘဲ သက်တောင့်သက်သာရှိပါတယ်။ ကော်ကလည်း အောက်မှာ တခြား brand တွေလို တလိုင်းထဲမဟုတ်ဘဲ ရှေ့နောက်သုံးလိုင်းပါတဲ့အတွက် ပို အဆင်ပြေပါတယ်။

SHUYA night normal use အပြာရောင် ??
တစ်ထုပ်ကို ၂၁၀၀ ကျပ်နဲ့ ၈ခု ပါပါတယ်။ အလျားလိုက်ကို ၂၈ စင်တီမီတာရှိလို့ heavy ဆင်းတဲ့နေ့တွေမှာ day use အဖြစ်လည်းသုံးလို့ရပါတယ်။ တောင်ပံပါတာကော်ကောင်းကောင်းသုံးပြီး အမြောင်းသုံးလိုင်းထိသုံးထားတာကတော့ အကုန်တူတူပါဘဲ။

SHUYA night over heavy flow လိမ္မော်နီရောင်❤️
တစ်ထုပ်ကို ၂၅၀၀ ကျပ်နဲ့ ၈ခုပါပါတယ်။ အလျားလိုက်ကျတာ့ တော်တေယ်လေးကိုရှည်ပါတယ်။ ၃၂ စင်တီမီတာထက်တောင်ကျော်မယ်နဲ့ တူတယ် နေခြည်တိုင်းကြည့်ဖို့မေ့သွားလို့ပါ။ နေခြည်ကတော့ heavy ဆင်းတဲ့ တစ်ညနှစ်ညဆို ဒီလိုအရှည်ကို သုံးရတာပိုကြိုက်တယ်။ အိပ်ရာခင်းတွေပေမှာ လုံးဝမစိုးရိမ်ရသလို ပိုပြီး နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်တယ်။
Night Use နှစ်ခုလုံးမှာ ပါတဲ့ အနောက်ဘေးအကာလေးနှစ်ခုကို အသုံးပြုရင် မခေါက်လိုက်ပါနဲ့လို့ သူက လှဲလျောင်းအိပ်နေတုန်း ဘေးတွေမလျှံအောင် အကာအနေနဲ့ထားတာမို့လို့ပါ။??

SHUYA panty liner အစိမ်းရောင်??
တစ်ထုပ်ကို ၂၄၀၀ ကျပ်နဲ့ အခု ၃၀ တောင်ပါတယ်။ဒီနေရာမှာ panty liner ကို နေခြည်သေချာလေးရှင်းပြပေးချင်ပါတယ်။ မြန်မာပြည်မှာ panty liner ဈေးကွက်ကလူတိုင်းနဲ့ သိပ်မရင်းနှီးဘူးဖြစ်နေပါတယ်။ သူကနေ့စဉ်သုံးလို့ရတဲ့ ပစ္စည်းလေးပါ။ အဖြူဆင်းတာမျိုးတွေ ဆီးအောင့်ဆီးကြင်လို့ ဆီးနည်းနည်းထွက်တာမျိုးတွေ ရာသီလာခါနီးနဲ့ ရာသီပြီးခါနီး နည်းနည်းချင်းကျန်တရမျိုးတွေမှာ တော်တော်များများက အတွင်းခံဘောင်းဘီမှာ panty liner ခံရမှန်းမသိကြပါဘူး။ ညစ်ပေသွားတဲ့ဘောင်းဘီကို ဒီတိုင်းဘဲတနေကုန်ဆက်ဝတ်မိတဲ့အတွက် ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး မိန်းမကိုယ်ယားယံတာ မိန်းမကိုယ်ထဲပိုးဝင်တာ ဆီးလမ်းကြောင်းပိုဝင်တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုပစ္စည်းက ရာသီလာလာ မလာလာ တစ်ကိုယ်ရည် ကျန်းမာဖို့ နေ့စဉ်သုံးပေးသင့်ပါတယ်။
နေခြည်product တိုင်းအတွက် ပုံလေးတွေနဲ့ သေချာရှင်းပြပေးထားပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ဒီ SHURA မှမဟုတ်ပါဘူး။ ဘယ်အသုံးပြုပြီးသား လစဉ်သုံးပစ္စည်းမဆိုး ဗျန်းလရမ်းကြီးပစ်လိုက်ရင် လူမြင်လို့လည်းမကောင်း ကျန်းမာရေးအရကြည့်ရင်လည်း မနှစ်မြို့ဖွယ်ပါ။ ဒါကြောင့်ပစ်ခါနီးမှာ အစကနေ သေချာလေးလိပ်လိုက်ပါ။ ပြီးလျှင်တောင်ပံနှစ်ခု ထိပ်အဝနှစ်ခုကို ပြန်အုပ်လိုက်ရင် အနံ့အသက်တွေလည်းမထွက်တော့ဘူး အိမ်သာမှာနောက်လူမြင်လည်း မနှစ်မြို့ဖွယ်ကြီးဖြစ်မနေတော့ဘူးပေါ့ :)))

ကဲနောက်တဆင့် အနေနဲ့ နေခြည်ဦး SHUYA sanitary pads တွေနဲ့ experiment လေးတွေလုပ်ကြည့်လိုက်ပါတယ်။

?ပထမစမ်းသပ်မှုကတော့
Heavy Flow ခံနိုင်ရည်ရှိမရှိ ဖိတ်လျှံခြင်းရှိမရှိ စိုထိုင်းမှုဖြစ်မဖြစ် ကို SHUYA night use heavy flow နဲ့စမ်းပါတယ်။

??ဒုတိယ စမ်းသပ်မှုကတော့
အရောင်တွေစွန်းပေခြင်းရှိမရှိကို SHUYA Night Use နဲ့ စမ်းပါတယ်။

?ပထမစမ်းသပ်မှုနှင့် result
မိန်းမတစ်ယောက်ဟာ ရာသီလာတဲ့စက်ဝန်းတစ်ခုမှ blood loss ကို ၃၀-၄၀ml ပျမ်းမျှရှိတယ်လို့ သိရပါတယ်။ အဲ့အတွက်နေခြည်က ၈၀ml လောက်စာ
ရေကိုယူပြီး ဂွမ်းပေါ်လောင်းချလိုက်ပါတယ်။ စုပ်ယူမှုအားကတော့ ရေလုံးဝအတင်မခံဘဲ စက္ကန့်ပိုငိးအတွင်းကို ရေအကုန်စိမ့်ဝင်သွားပြီး အပေါ်ယံလုံးဝ စိုထိုင်းမှုမရှိပါဘူး။ ဒီအတွက် တော့ ၁၀/၁၀ ပေးပါတယ်။

??ဒုတိယစမ်းသပ်မှုနှင့် result
ဒီတစ်ခါမှာ တော့ အရောင်ပါတဲ့ အချိုရည်နဲ့စမ်းပြီးအရောင်ပေစွန်းမှုမရှိကြည့်ပါတယ်။ အထက်ပါအတိုင်း စုပ်ယူမှုအားကတော့ ပြောစရာမရှိပါ။ အရောင်တွေအားလုံး အတွင်းသို့စိမ့်ဝင်သွားပြီး အပေါ်ယံလည်း စိုထိုင်းမှုမရှိပါ။ tissue ကိုယူပြီး မျက်နှာပြင်ကို ဖိတာလည်း ဘာစွန်းထင်းမှုမှ မရှိပါ။ ဒီအတွက်လည်း ၁၀/၁၀ ပေးလိုက်ပါတယ်။

SHUYA ကို beauty diary ဆိုင်ခွဲတိုင်းမှာ ရတယ်လို့သိထားရပြီး အခြားဆိုင်ကြီးတွေမှာလည်းရတယ်တဲ့။ ရန်ကုန်က မမတွေကတော့ စိတ်မညစ်နဲ့နော် သူတို့ page ကမှာရင် ၃ခုနဲ့ အထက်ဆို free delivery ပါတဲ့။ မြို့ထဲ မဟုတ်ရင်လည်း ၅ခုနဲ့ အထက်ဆို free delivery နဲ့လုပ်ပေးပါတယ်။ နယ်တွေတော့ ပို့ခယူမယ်တူတယ် သေချာအောင် SHUYA page မှာ မေးကြည့်နော် အချိန်ကုန်ခံပြီး အပြင်ထွက်ဝယ်မယ့်အစား online ကဘဲဝယ်လိုက်နော်။
https://www.facebook.com/shuyamyanmar/