No.(I-15), Sabal Street, Pan Hlaing Avenue, Sanchaung, Yangon.

#AyeChanMoe

❤️ နုပျို ကျန်းမာ သိစေဖို့ရာ ❤️

ဒီတစ်ပတ်အတွက် စရေးမယ့်အကြောင်းအရာလေးကတော့ ???

မိန်းမကိုယ် သန့်ရှင်းရေးအတွက် ဘာတွေ လုပ်ဖို့ လိုပါသလဲ???
သူငယ်ချင်းတွေအားလုံး မင်္ဂလာပါနော်.☺️
နေ့စဉ် fb သုံးနေတာအတူတူ မိန်းကလေးတွေ အားလုံးအတွက် သိသင့် သိထိုက်တဲ့ ဗဟုသုတလေးတွေ သိရမယ်ဆိုရင် ပိုပြီး တန်ဖိုးရှိတာပေါ့နော် ..မဟုတ်ဘူးလား ?

ကိုယ်ကိုတိုင်ကလည်း မိန်းကလေးတစ်ယောက်ဖြစ်နေပြီး ဆေးပညာကို သင်ယူထားတဲ့သူဖြစ်တဲ့အတွက် ဒီအကြောင်းအရာအတွက် ပိုပြီး စိတ်ဝင်စားလို့ အားလုံးကို သိစေချင်တဲ့ သဘောနဲ့ မျှဝေပေးတာပါနော်။

မိန်းကလေးဘဝမှာ မရှိမဖြစ်နဲ့ အရေးပါဆုံးက ဓမ္မတာလာခြင်း(ရာသီလာခြင်း) ပါဘဲ…အရမ်းအရေးကြီးသလို မရှိလို့လည်း မဖြစ်သော အရာပါ…ဓမ္မတာလာနေတုန်း ဖြစ်တဲ့ ခံစားမှုတွေကလည်း မျိုးစုံ…မိန်းကလေးတိုင်း ကြုံဖူးမှာပါဘဲ…ခါးနာ ဗိုက်အောင့်တာ..စိတ်ကစဉ့်ကလျား ဖြစ်တာ အစရှိတာတွေပေါ့…ထွေထွေထူးထူး ပြောဖို့ လိုမယ်မထင်ပါဘူးလေ…

ကဲ..အခုပြောချင်တာက…ဒီလို ရာသီလာပေးတဲ့ မိန်းမကိုယ်လေးရဲ့ သန့်ရှင်းရေးအတွက်ပါ…ဘယ်သူမဆို သန့်ရှင်းချင်ကြမှာဘဲနော်..ဒါကြောင့် ဒီအထိ လိုက်ဖတ်ပေးနေတာမလား အချစ်တို့ ..ဒါမယ့် ဘယ်လို နေထိုင်ရမယ်..ဘယ်လို ဆောင်ရန် ရှောင်ရန်လေးတွေကို သေချာမသိကြတာလေးတွေ ရှိနေမှာမို့ ချမ်းမိုး လေ့လာပြီး စုစည်း ဖော်ပြပေးမယ်နော် ။

ပုံမှန် မိန်းမကိုယ်ဟာ သဘာဝအတိုင်း သန့်ရှင်းနေပါတယ်..မိန်းမကိုယ်ရဲ့ ပုံမှန် pH (3.8 – 4.5 ) ဟာ acid ဘက်ရောက်နေတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လို့ နဂိုကတည်းက ရှိနေတဲ့ အကျိုးပြု ဘက်တီးရီးယားတွေက ကူးစက်မှုတွေ…ယားယံမှုတွေအတွက် သဘာဝအတိုင်း တားဆီးပေးထားတဲ့ အကာအကွယ်တစ်ခုပေါ့…acid နည်းတဲ့ ပတ်ဝန်းကျင်မှာ ပေါက်ပွားနိုင်တဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေရဲ့ ကြီးထွားမှုကို ဟန့်တားပေးတာပေါ့လေ…ဘာကိုဆိုလိုလဲဆိုတော့ ရှင်းရှင်းပြောရရင် မိန်းမကိုယ်ရဲ့ pH က acid ဘက် ရောက်လေလေ… အကျိုးပြုဘက်တီးရီးယား အရေအတွက် များလေလေ… မကောင်းတဲ့ ဘက်တီးရီးယားကြီးထွားမှု နည်းလေလေဖြစ်ပြီး ကူးစက်မှုတွေလည်း နည်းတာပေါ့ရှင်⛔️

မိန်းမကိုယ်ရဲ့ pH က 4.5 အထက် ဖြစ်သွားမယ်ဆိုရင် မကောင်းတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး ကူးစက်မှုတွေ ဝင်လာပြီပေါ့…အဲ့ဒီအခါမှာ အနံ့နံတာ…ယားယံတာ…အနံ့ပြင်းတဲ့ အရည်တွေ ဆင်းတာတွေ ဖြစ်လာနိုင်တာပေါ့…?

ဒီတော့ မိန်းမကိုယ်လေး သန့်ရှင်းနေဖို့ …ကျန်းမာနေဖို့ Do’s and Don’ts လေးတွေကို လေ့လာရသလောက်လေး ပြောပြမယ်နော်?

DO’s (လုပ်ဆောင်ရန်) ✔️✔️✔️

မိန်းမကိုယ်လေးကို တစ်နေ့တစ်ကြိမ် ရေနွေးနွေးလေးနဲ့ သေချာစွာ ဆေးကြောပေးနော် ?

ရာသီလာချိန်..ပူပြင်းတဲ့အချိန်..ခရီးသွားနေတဲ့ အချိန်မျိုးတွေဆို အတွင်းပိုင်း သုတ်တဲ့ intimate wipe လေးသုံးပေးပါ

ပြီးတော့ အရေးကြီးတာလေးတစ်ခုပါ..ကိုယ်တွေ အိမ်သာသုံးပြီးတဲ့အခါ အိမ်သာသုံး toilet paper သုံးရင် ဘယ်လို အသုံးပြုပါသလဲ… စအိုဝဟာ ဘက်တီးရီးယားမျိုးစုံ ရှိနေတဲ့ နေရာပါ…တကယ်လို့ အနောက်မှ အရှေ့ကို သုတ်မိရင် စအိုမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေဟာ မိန်းမကိုယ်ဆီကို ရောက်လာနိုင်ပါတယ်…ဒါကြောင့် ယားယံမှုတွေ ကာကွယ်ဖို့ အရောင်မရှိ..အနံ့မရှိတဲ့ toilet paper ကို အရှေ့မှ အနောက်သို့ သုတ်ရမှာပါ ??

နောက်တစ်ခုက ယနေ့ခေတ်မှာ ပြုလုပ်လာကြတဲ့ မိန်းမကိုယ် အမွှေးအမျှင်တွေကို waxing နဲ့ shaving လုပ်တာတွေပါ…ပြုလုပ်နေတဲ့သူတွေအတွက် ပြောပြချင်တာလေးက အရေပြား ယားယံတာတွေ..ပူလောင်တဲ့ ခံစားမှုတွေ မဖြစ်စေဖို့ သဘာဝ natural soothing product တွေကို သေချာစွာ လိမ်းပေးဖို့ အကြံပြုချင်တာပါနော်⚱️

ရေချိုးပြီးတဲ့ အခါမှာလည်း သန့်ရှင်းနူးညံ့တဲ့ towel နဲ့ မိန်းမကိုယ်ကို ညင်သာစွာ ခြောက်သွေ့အောင် သုတ်ပေးဖို့ပါ…ခပ်ပြင်းပြင်း ပွတ်သုတ်တာမျိုးတွေ မလုပ်ပါနဲ့နော်?

လုပ်ဆောင်ဖို့လေးတွေ ပြီးတော့ ရှောင်ဖို့လေးတွေ ဆက်ပြောပြမယ်နော်

DON’Ts (ရှောင်ကြဉ်ရန်) ❌❌❌

နူးညံ့ပြီး sensitive ဖြစ်တဲ့ မိန်းမကိုယ်အတွက် ဆပ်ပြာဟာ အလွန်ဆိုးဝါးစေပါတယ်..ဒါကြောင့် မသုံးပါနဲ့နော်

ပြီးတော့..အရမ်း တင်းကြပ်လွန်းတဲ့ အတွင်းခံတွေ ရှောင်ပေးပါ…လေဝင်လေထွက်မကောင်းတော့ဘဲ အပူချိန် မြင့်တက်စေပြီး စိုစွတ်လာနိုင်တယ်..ဒီအခါမှာ infection ဝင်ဖို့ အခွင့်အလမ်းတွေ ဖြစ်လာပြီပေါ့ ?

မိန်းမကိုယ်တိုင်းမှာ အနံ့ တစ်ခုတော့ ရှိနိုင်ပါတယ်…သို့သော် အနံ့ရှိတယ်ဆိုပြီး အမွှေးနံ့တွေ အသုံးမပြုပါနဲ့..မိန်းမကိုယ်ကျန်းမာရေးအတွက် မကောင်းပါဘူး…သိပ်ပြီး ပြဿနာ တစ်စုံတရာ ကြီးကြီးမားမား မရှိဘူးဆိုရင် အနံ့ကလည်း ပိုဆိုးဝါးလာမှာ မဟုတ်ပါဘူး…အနံ့ပြင်းလာပြီ ဆိုရင်တော့ သေချာတယ်..ပြဿနာတစ်ခုခု ရှိနေပါပြီ…ဆရာဝန်ဆီ သွားပြပါတော့

နာက်ပြီး နေ့စဉ် အသုံးပြုကြတဲ့ panty liner ကို တစ်နေကုန် အသုံးမပြုဖို့ပါ…panty liner ဆိုတာကတော့ လစဉ်သုံးပစ္စည်းလိုမျိုး ပါးပါးလေးပေါ့..တစ်နေကုန်ဆိုရင် အချိန် ကြာလာတာနဲ့အမျှ အရေပြားယားယံတာနဲ့ infection ဝင်ဖို့ ရာခိုင်နှုန်းများလာရော…ရာသီလာနေတဲ့ အချိန်တွေ ဆိုလည်း လစဉ်သုံး ဂွမ်းထုပ်တို့က ရာသီသွေးတွေနဲ့ အရေပြားနဲ့ နီးကပ်ချိန် ကြာလာရင် မကောင်းနိုင်ဘူးလေ…ဒါကြောင့် ၃ နာရီ ၄နာရီ ခြားပြီး လဲပေးတာတို့…အိပ်ရာ မဝင်ခင်နဲ့ နိုးနိုးချင်း အချိန်မှာ လဲပေးတာတို့ လုပ်မယ်ဆို ကောင်းတာပေါ့နော်

ကဲ..ဒီတော့ ..မိန်းမကိုယ်သန့်ရှင်းရေးအတွက် ဘာတွေ ဆောင်ရမယ်…ဘာတွေ ရှောင်ရမယ် ဆိုတာ သိသွားပြီပေါ့နော်..

ဒါပေမယ့် တစ်ခု ကျန်သေးတယ်
သန့်ရှင်းဖို့ ဂရုစိုက်မယ့်အတူတူ ကိုယ်လစဉ်သုံးနေတဲ့ လစဉ်သုံး ပစ္စည်းတွေကရော ကိုယ့်အတွက် အာမခံချက်ရှိရဲ့လား…ကျန်းမာရေးအတွက်ရော အထောက်အကူပြုရဲ့လား…ပြန်မေးကြည့်ပါဦးနော်..တကယ်အရေးကြီးလို့ပါ…??‍♀️

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းပါတယ်…ချမ်းမိုးလည်း ဆေးရုံတွေမှာ အလုပ်သင်ဆရာဝန်အနေနဲ့ ဆင်းခဲ့ရတော့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ အမျိုးသမီးရောဂါမျိုးစုံ မြင်တွေ့ခဲ့ရတာပေါ့…သန့်ရှင်းရေး ဂရုမစိုက်လို့ ဖြစ်ရတာနဲ့…ဂရုအစိုက်လွန်လို့ ဖြစ်ရတာနဲ့ မျိုးစုံနေတာပါဘဲ

ဒါကြောင့် ကျန်းမာရေးအတွက် ကောင်းတာလေးကို လမ်းညွှန်ပေးတာပါ…ချမ်းမိုး ကိုယ်တိုင်ကလည်း ဒီလိုမျိုး ကိုယ့် fb မှာ တင်ပေးတာမျိုးဆို ကိုယ်တိုင် အာမ မခံနိုင်ဘဲ ကိုယ်တိုင် မသုံးကြည့်ဘဲ …ဘယ်တော့မှ တင်လေ့ မရှိပါဘူး…ပြီးတော့ ချမ်းမိုးလည်း ကြော်ငြာရိုက်ထားတာလေ (ဒါကတော့ ခဏ ကြော်ငြာဝင်တာ…ဟီး)????

ကိုယ်တိုင်လည်း သုံးရတာ အဆင်ပြေလို့ အမြဲသုံးဖြစ်နေတဲ့ လစဉ်သုံးပစ္စည်းလေးရဲ့ နာမည်က #SHUYA ပါ
ကိုယ်တိုင်ကလည်း ဆေးပညာကို သင်ယူထားပြီး နောက်ပိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တာတွေဘဲ အသုံးပြုတော့တယ်..ဂရုမစိုက်မိဘဲ တစ်ခုခုဖြစ်ရင် စရိတ်စကလည်း ပိုကြီးမယ်မလား…???

ဒီတံဆိပ်လေးဟာ ခုနောက်ပိုင်း မိန်းကလေးတွေ တော်တော်များများ အသုံးပြုလာတာ ဘာကြောင့်လဲ?
ရှင်းပါတယ်..သူ့မှာ အားသာချက်တွေ ရှိလို့ပေါ့

ဘယ်လို အားသာချက်တွေ ရှိလဲဆိုတာ ကိုယ်တိုင်သုံးမယ့်သူတွေ သေချာ သိထားသင့်လို့ ပြောပြမယ်နော်..လိုက်ဖတ်ကြည့်ပေးပါဦးရှင့်

Shuya လစဉ်သုံးပစ္စည်းတွေဟာ ပိုမိုပါးလွှာပြီး နူးညံ့ကာ သက်တောင့်သက်သာ ဖြစ်စေပါတယ်…ပစ္စည်းရဲ့ အောက်ခြေအလွှာမှာ လေဝင်လေထွက် ရှိပေမယ့်လည်း အရည်များ စိမ့်မထွက်နိုင်အောင် ပြုလုပ်ထားလို့ ဘက်တီးရီးယားပေါက်ပွားမှုနဲ့ မီးယပ်ရောဂါ ဖြစ်ပွားခြင်းတွေအတွက် ကာကွယ်ပေးတာပေါ့…မိန်းမကိုယ် ကျန်းမာရေးအတွက် ကောင်းတာပေါ့ရှင် ?

Shuya ပစ္စည်းတွေမှာ မွှေးရနံ့ မထည့်ပေးထားပါဘူး..ဘာလို့ဆို မွှေးရနံ့ပါဝင်တဲ့ လစဉ်သုံးပစ္စည်းတွေကြောင့် အမျိုးသမီးတွေကို ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အပြင် ရာသီမလာခင်နဲ့ ရာသီလာပြီး အချိန်တွေမှာ မိန်းမကိုယ် ယားယံမှု ဖြစ်ပေါ်စေနိုင်လို့ပါရှင်?

ပြီးတော့ ချမ်းမိုးသဘောကျမိတဲ့အချက်တစ်ခုက သူရဲ့ packing ပါ…Shuya ရဲ့လစဉ်သုံးပစ္စည်းတွေကို အစားအစာများထုပ်ပိုးတဲ့ ခဲစက္ကူနဲ့ ထုပ်ပိုးထားလို့ ဖွင့်ထားပြီးတဲ့ ဂွမ်းထုတ်တွေကို ပြန်လည်အသုံးပြုနိုင်တယ်…ဂွမ်းထုပ်ရဲ့ ခဲပတ်စက္ကူကိုလည်း အကြိမ်ကြိမ် ဖွင့်နိုင် ပိတ်နိုင်အောင် လုပ်ထားပေးတယ်လေ??

ပါကင်တစ်ထုပ်ထဲက ဂွမ်းထုတ်တစ်ခုချင်းစီကို ပိုးသတ်ပြီး လေလုံပိတ်ထုပ်ပိုးထားတော့ ပိုးသတ်ထားတာ မပျက်စီးဘဲ လက်ကိုင်အိတ် သို့ အခြားနေရာတွေမှာ အလွယ်တကူလည်း ထည့်ထားနိုင်သေးတယ် ???

နောက်ပြီး မိန်းကလေးအများစု သဘောကျတဲ့ အချက်က ဘာလဲဆိုတော့ လတ်ဆတ်အေးမြတဲ့ mint အနံ့အသက် အထိအတွေ့လေးပါ…သာမန်ထက် လေဝင်လေထွက်ကောင်းမွန်စေပြီး တစ်နေကုန်လည်း ကြည်လင်လန်းဆန်းနေစေပါတယ်ကွယ်??

ဒီထက်မကတဲ့ အားသာချက်တွေလည်း Shuya အမျိုးအစားတစ်ခုချင်းစီမှာ ရှိသေးတယ်…အသေးစိတ်ကို Shuya page လေးမှာ ဝင်ကြည့်ပြီး မေးပေးနော်
www.facebook.com/shuyamyanmar online ကလည်း မှာလို့ရတယ် ကြားတယ် …အပြင်မှာ သွားဝယ်စရာမလိုဘဲ online ကမှာတော့ အိမ်တိုင်ရာရောက်ကို လာပို့ပေးဦးမှာ…ကဲ..ဘယ်လောက် အဆင်ပြေလိုက်လဲ?

ဖတ်ရှုပေးတဲ့ မမလှလှလေးတွေကို ကျေးဇူးအများကြီးတင်ပါတယ်….ကိုယ့်အနေနဲ့ အမျိုးသမီးအချင်းချင်း ဗဟုသုတတွေ လက်ဆင့်ကမ်းပေးရတာ ပျော်တယ်…အသိလေးတစ်ခုကြောင့် ကျန်းမာရေးအတွက် ဆင်ခြင်တယ်…ကောင်းသောအရာတွေဘဲ ပြုလုပ်မယ်ဆိုရင် ဒီလို မျှဝေပေးရကျိုးနပ်ပါတယ်????

နောက်လည်း ဒီလို ကျန်းမာရေး ဗဟုသုတလေးတွေ ထပ်ပြီး တင်ပေးဦးမယ်နော်

❤️Chan Moe ❤️