No.(I-15), Sabal Street, Pan Hlaing Avenue, Sanchaung, Yangon.

#May’s impression

Menstruation လာချိန်နာကျင်ကိုက်ခဲမှုများ ကင်းစေရန် နည်းလမ်းများနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းကို ဘယ်လိုရွေးဝယ်မလဲ
??????????????

မေအရင်တစ်ခေါက်က menstruation လာချိန်တွင် ရှောင်ရန် ဆောင်ရန်လေးတွေ ရေးပေးပြီးနောက်မှာ မေ့ကို menstrual pain (ဓမ္မတာ ရာသီလာချိန်တွင် ခံစားရတဲ့ ဝေဒနာများ) အကြောင်းကို ဆက်မေးကြပါတယ်။ ဒါကြောင့် မေ ဒီတစ်ခေါက်တော့ မေ့သူငယ်ချင်း ဆရာဝန်များရဲ့အကူအညီနဲ့တကွ menstrual pain အကြောင်း နဲ့ ဘယ်လို သက်သာအောင် လုပ်လို့ရလဲ၊ menstruation လာချိန်မှာ အထူး ဂရုစိုက်ရမယ့် ကောင်းမွန်တဲ့ ဘယ်လို pad မျိုးကို ရွေးချယ်သုံးသင့်သလဲဆိုတဲ့ အကြောင်းကို သိသလောက် ပြောပြပေးချင်ပါတယ်။

?ရာသီ လာချိန်ခံစားရတဲ့ ဝေဒနာများ —
How? — ဓမ္မသာရာသီ လာချိန်ဆိုရင် အနည်းနဲ့အများတော့ နာကျင်မှု ဝေဒနာကို မေတို့မိန်းကလေးတွေ ခံစားရပါတယ်။ တစ်ချို့တွေဆို menstruation မလာခင် ၁ ရက် ၂ ရက်လောက်ကတည်းက ကိုက်ခဲတာတွေ တစ်ဆူးဆူးနဲ့ဆူးပြီး နာလာတာတွေကို ကြုံနေရပါပြီ။ များသောအားဖြင့် ဗိုက်အောက်နားမှာနဲ့ခါးအောက်နားမှာ ခံစားရတာပါ။ ပြီးတော့ ကြွက်သားတွေပါ ညောင်းညာကိုက်ခဲနေတတ်ရော။ ရာသီ လာချိန် ပုံမှန် ဖြစ်တာကတော့ ဗိုက်ထဲမှာ ရေတွေ လေတွေ ပြည့်နေတာပါ။ Bloating ဖြစ်တယ်လို့ခေါ်ပါတယ်။ ဒီလို ဖြစ်နေတဲ့ အချိန်ဆို မအီမသာ ဖြစ်တာတွေ ဗိုက်နာတာတွေ ဖြစ်ပါတယ်။

Why? — ကိုက်ခဲနေတဲ့ ဝေဒနာကို ဘာကြောင့်ခံစားရသလဲဆိုတော့ ပုံမှန်အရဆိုရင် သားအိမ်ကြွက်သားတွေက ညစ်လိုက် ပြန်လျော့ချလိုက်နဲ့ အလုပ်လုပ်နေတာကြောင့်ပါ။ ဒါဟာ ကလေးမွေးသလိုပဲ တူညီသော လုပ်ဆောင်မှုပါ။ နောက်တစ်ချက်က Bloating ဖြစ်နေတာကတော့ မေအရင် post မှာပြောခဲ့သလိုပဲ ရာသီလာချိန်မစားသင့် မလုပ်သင့်တာတွေကို လုပ်မိတာကြောင့်ပါ။

✔ဘယ်လိုသက်သာအောင် လုပ်ကြမလဲ ??

Menstruation ဝေဒနာကို သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်နော်။ မေတို့လုပ်ပေးနိုင်တာကတော့ အဓိကကတော့ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကောင်းအောင်၊ ကြွက်သားတွေ လှုပ်ရှားမှု ချောမွတ်အောင်နဲ့နာကျင်ကိုက်ခဲတာတွေ ဗိုက်နာတာတွေသက်သာအောင် ဆေးနဲ့သော်လည်းကောင်း သဘာဝနည်းလမ်းတွေသော်လည်းကောင်း နဲ့ကုသလို့ရပါတယ်။

?၁။ အားဆေးပုံမှန် သောက်ပါ။
အားဆေးကတော့ တစ်လလုံး ပုံမှန်သောက်စေချင်ပါတယ်။ အဓိကကတော့ Magenisum နဲ့calcium ပါ။ Calcium 1000 mg နဲ့ Magenisum 500 mg ပါတဲ့ အားဆေးမျိုးကို တစ်နေ့တစ်လုံး ပုံမှန်မှီဝဲသင့်ပါတယ်။ သွေးအားနည်းနေတဲ့ အချိန်တွေမှာဆို ရာသီ ပုံမှန်မလာတာတေ၊ွ လာပြီဆိုလည်း ခံစားရမယ့် ဝေဒနာတွေကို အများကြီး သက်သာသွားစေပါတယ်။ သံဓာတ်ပါတဲ့ အားဆေးမျိုးတွေ vitamin E, omega-3 fatty acids, vitamin B-1 (thiamine), vitamin B-6 – ဒါတွေဟာ အမျိုးသမီးတွေ သွေးအားကောင်းစေဖို့လိုအပ်တဲ့ supplement တွေဖြစ်ပါတယ်။ ဥပမာ – Ferrovit.

?၂။ ရေနွေးအိတ်ကပ်ပေးပါ။
ဗိုက်တို့၊ ခါးတို့မှာ ရေနွေးအိတ်ကပ်ပေးရင် နာကျင်ကိုက်ခဲမှုတွေ သက်သာပါတယ်။ 104 ‘F (40’C) အပူချိန်ရှိတဲ့ ရေနွေးအိတ်နဲ့ကပ်ပေးခြင်းသည် အကိုက်ခဲပျောက်ဆေး ibuprofen ကဲ့သို့အာနိသင်အစွမ်းရှိကြောင်း မေလေ့လာချက်တစ်ခုမှာ ဖတ်ရပါတယ်။ နောက်ပြီးတော့ တစ်ချို့တွေ မေးကြတယ်။ ရေချိုးလို့ရလားလို့ပေါ့နော်။ ရပါတယ်ရှင်။ ဒါပေမယ့် ရေနွေးဖြစ်ဖို့တော့ လိုပါတယ်။ ရေနွေးစိမ်ဖို့တောင် အကြံပေးကြတယ်။ ကြွက်သားကိုက်ခဲမှုဝေဒနာတွေကို ကောင်းစွာ သက်သာနိုင်စေလို့ပါ။

?၃။ အစိမ်းရောင်အရွက်တွေ များများစားပေးပါ။
မေပြောတဲ့ magnesium တို့calcium နဲ့အခြားများစွာသော nutrients တို့ကို အားဆေးကနေ မဟုတ်ပဲ ရနိုင်တဲ့ အစားအသောက်ကတော့ အစိမ်းရောင် အရွက်တွေပဲဖြစ်ပါတယ်။ ရရှိလာတဲ့ ဒီ nutrients တွေက သွေးလည်ပတ်မှုတင်မကပဲ သားအိမ်ကြွက်သားများ လှုပ်ရှားရာတွင် လွယ်ကူချောမွတ်အောင် ကူညီပေးလို့နာကျင်မှုတွေကို ကင်းဝေးစေပါတယ်။ နောက်တစ်ချက်က အူရှင်းစေတာပါ။ အခုလို အချိန်မှာဆို စားထားသမျှကြောင့် ဖြစ်ပေါ်တဲ့ အပုပ်အစပ်တွေကို ရှင်းချထားဖို့လိုပါတယ်။ ခန္ဓာကိုယ် အတွင်းရော အပြင်ရော သန့်ရှင်းနေဖို့လိုပါတယ်။

?၄။ ရာသီလာနေချိန် အတွင်း ဒီအစားအစာတွေကို ရှောင်ပါ။
– coffee နဲ့caffeine
– အငံဓာတ်ပါတဲ့ အစာများ
– carbonated beverages (ဥပမာ Coca Cola, Pepsi, Max)
– အရက်နဲ့ဘီယာ
– အခြား ရှောင်ရန် ဆောင်ရန်ကိုတော့ အောက်ဆုံးက link လေးကနေ မေ အသေးစိတ်ရေးပေးထားတဲ့ post လေးမှာ ဖတ်ကြည့်လို့ရပါတယ်နော်။

?၅။ ဆေးသောက်မယ်ဆိုရင်
ဒီနည်းလမ်းတွေနဲ့မသက်သာတော့ဘူး ချက်ချင်းပျောက်ချင်ပြီဆိုရင်တော့ ဆေးသောက်ရတော့မှာပေါ့နော်။ ဆေးသောက်မယ်ဆိုရင် NSAIDS ဆေးအမျိုးအစားတွေ ဖြစ်တဲ့ Ibuprofen နဲ့ Naproxen ပါတဲ့ ဆေးတွေပါ။ ဒါတွေက chemical name တွေဖြစ်ပါတယ်။ ဒီ chemical ပါတဲ့ ဆေး brand နာမည်တွေအမျိုးမျိုးရှိတာမို့ဆေးဆိုင်မှာ မေးပြီး ဝယ်လို့ရပါတယ်။

?၆။ ကျန်းမာရေး အထောက်အကူပြု လစဉ်သုံးပစ္စည်းကို သုံးပါ။
တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ပတ်သက်ပြီး အရမ်း အရေးကြီးတဲ့ အချက်ကတော့ ကောင်းမွန်တဲ့ ကျန်းမာရေးအထောက်အကူပြု အမျိုးသမီးလစဉ်သုံး Pad ကိုရွေးချယ် သုံးဖို့ပါ။ မေရော မေ့သူငယ်ချင်း ဆရာဝန်တွေရော အားလုံး သတိပေးချင်တဲ့ အရာပါ။ မကောင်းတဲ့ pad ကိုရွေးချယ်မိရာကတစ်ဆင့် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာပြီး သားအိမ်ခေါင်း ကင်ဆာအထိ ဖြစ်လာနိုင်ပါတယ်။

?၇။ ဘယ်လို လစဉ်သုံးပစ္စည်းကို ရွေးချယ်သင့်သလဲ။
လစဉ်သုံး ပစ္စည်းကို ရွေးချယ်အသုံးပြုတဲ့အခါမှာ သေချာလေ့လာပြီးမှ အသုံးပြုသင့်ပါတယ်။ လစဉ်သုံးပစ္စည်းတစ်ခုမှာ ထည့်သွင်းစဉ်းစားရတဲ့ အဓိက ပါဝင်နေရမယ့် အရာတွေကတော့-
-ဘက်တီးရီးယားများ မကူးစက်နိုင်အောင် ကူညီပေးနိုင်ရမယ်။
-လေဝင်လေထွက်ကောင်းနေရမယ်။
-အရည်စုပ်ယူနိုင်စွမ်းကောင်းရမယ်။
-ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု၊ မီးယပ်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ရမယ်။
– size ကြီးပြီး လုံခြုံနေရမယ်။ သက်တောင့်သက်သာဖြစ်ရမယ်။
– ဝါဂွမ်းများ နှုးညံ့ကောင်းမွန်ပြီး အထုတ်အပိုးများလည်း သန့်ရှင်းပြီး ပိုးသတ်ထားရမယ်။

?၈။ ဘယ်တံဆိပ်ကို သုံးရင် ကောင်းမလဲ။
ဘာကို သုံးရမလဲလို့သိချင်တဲ့ မမညီမများနဲ့၊ ညီမ မမများကို မေ ညွန်းပေးပါ့မယ်။ မေလည်း လက်ရှိသုံးနေတာပေါ့နော်။ မေပြောထားတဲ့ အချက်တွေအကုန်ပါနေပြီးတော့ ရာသီ လာချိန်မှာ ဖြစ်ပေါ်တဲ့ ဝေဒနာတွေရော မီးယပ်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တဲ့ ကျန်းမာရေး အထောက်အကူပြု အမျိုးသမီး လစဉ်သုံးလေးပါ။ မေလက်ရှိသုံးနေပြီးတော့ တကယ့်ကိုကောင်းလို့ ညွန်းချင်တာပါ။ ကြော်ငြာ ဝင်တာတော့ မဟုတ်ဘူးဗျာ။ ကောင်းတဲ့ ပစ္စည်းလေးတစ်ခုကို မသိသေးသူများအတွက် ပြောပြပေးချင်လို့ပါ။

✔Recommendation : SHUYA ကျန်းမာရေးအထောက်အကူပြု အမျိုးသမီးလစဉ်သုံးလေးဖြစ်ပါတယ်။ မနေခြည်ဦးတို့ မဝင်းမင်းသန်း တို့လည်း ညွန်းထားတာတွေ့ရတယ်။ SHUYA ကို သုံးရတယ်ဆိုတာကလည်း မေခုနက ပြောသွားတဲ့ အချက်တွေအပြင် အခြား ကောင်းမွန်တဲ့ အကြောင်းပြချက်တွေ အများကြီးရှိလို့မေကိုယ်တိုင်ကလည်း ဒီပစ္စည်းလေးကို သုံးကြည့်စေချင်တဲ့ စေတနာနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

❤May’s impression : မေတစ်ခါမှ ဒီလောက် အမျိုးသမီးကျန်းမာရေးအတွက် အထူးပြုပြီးလုပ်ထားတဲ့ pad ကိုမသုံးဖူးတာတော့ အမှန်ပဲ။ Pad တွေကို သေချာထုပ်ပိုးပြီးတော့ကို ပိုးသတ်ထားတာ။ ဒါသုံးပြီးနောက်ပိုင်း သိသိသာသာ menstrual pain ကိုမခံစားမိတာကိုတော့ သတိထားမိတယ်။ သွေးလည်ပတ်မှုအားလည်း ကောင်းလာတယ်။ပြီးတော့ ပါးတယ်နော် ဒါပေမယ့် မထင်ရအောင်ကို စုပ်ယူမှုအားကောင်းလွန်းတယ်။ ကောင်းဆို အရည်စုပ်ယူနိုင်စွမ်းက ၃ ဆတဲ့ဗျာ။ အလွှာကလည်း ၈ လွှာတောင်။ ခြောက်ခြောက်သွေ့သွေ့ပဲ။သူက mint ပါတော့ နဲနဲလေးတော့ ရှိန်းတယ်။ ဒါပေမယ့် အဲ့ဒါကြောင့်လည်း fresh ဖြစ်တယ်။

**နောက်တစ်ခု ထူးခြားတာက သူ့အထုပ်တစ်ခုတိုင်းမှာ မိန်းမကိုယ်တွင်း pH level ပုံမှန် ဖြစ်မဖြစ် တိုင်းလို့ရတဲ့ strip အပြားလေးတစ်ခုပါတာပါ။ ဘယ်မှာမှ အဲ့လိုပါတာ မတွေ့ဖူးဘူး။ တကယ်ကို နာမည်နဲ့လိုက်အောင် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ pad ပဲဖြစ်ပါတယ်။ ထုတ်ထားတဲ့ ပုံစံကလည်း international standard ပဲ။ လေမဝင်အောင်တွေ သေချာလုပ်ထားတာ။ စိတ်ချ ကောင်းမွန်တဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းလေးပဲ ဖြစ်ပါတယ်။

✔မေခုနကပြောထားတဲ့ လစဉ်သုံး ပစ္စည်းကို ရွေးချယ်ရာမှာ စဉ်းစားရမယ့် အချက်တွေနဲ့ယှဉ်ပြီးတော့ သူ့မှာပါတာတွေကို စပ်စုလေ့လာကြည့်လိုက်တော့–

-ဘက်တီးရီးယားများ မကူးစက်နိုင်အောင် = Anion (Negative Ions) တွေပါဝင်တယ်။ ဒါလေးက စိတ်ဖိစီးမှုတွေကိုလည်း လျော့ချပေးပြီး ရာသီလာတဲ့ အချိန် စိတ်လှုပ်ရှားတာတွေကိုလည်း ပပျောက်စေတယ်။

-လေဝင်လေထွက် = အောက်ဆုံးအလွှာက ပလက်စတစ်နဲ့လုပ်ထားတော့ အဲ့အလွှာကနေ လေကိုပဲ အဝင်အထွက်ရှိစေတော့ အရည်တွေလည်း မစိမ့်ထွက်တော့ဘူး။

-အရည်စုပ်ယူနိုင်စွမ်း = ၃ ဆပါဗျာ။ သာမာန်ထက် ၃ ဆစုပ်ယူပေးတယ်တဲ့။ ဒါကြောင့် ဘေးဘက်အနောက်ဘက် ဘယ်ကိုမှကို မပြန့်သွားဘူး။ အလယ်မှာပဲ ကွက်နေတာကိုတော့ ကောင်းကောင်းသတိထားမိတယ်။ အထူးသဖြင့် ညအိပ်ပြီး ထလာတဲ့အခါမှာ အနောက်နားမှာတောင် မပြန့်သွားဘူး။

-ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုမှု = ဒီအတွက်ကတော့ သူ့မှာ FAR-INFARED နဲ့anions တွေပါဝင်ပါတယ်။ မီးယပ်ရောဂါကိုလည်း ကာကွယ်ပေးတယ်။ သွေးလည်ပတ်မှုအားကောင်းစေတယ်။

– size = size ကတော့ ပြောစရာကို မလိုတာ။ အောက်မှာ မေ size တွေပြောပြမယ်။

– ဝါဂွမ်း = ပိုးသတ်ထားတဲ့ ဝါဂွမ်းမျိုးကို အသုံးပြုထားတာ။ ဓာတုမျှင်တွေကို အသုံးမပြုထားတော့ ပိုပြီး ပါးတယ် နူးညံ့တယ် သက်တောင်သက်တာဖြစ်စေတယ်။ အထုပ်တိုင်းကိုလည်း သေချာ ပိုးသတ်ထားတယ်။

?WHAT IS IT?
အမေရိကန် FDA အသိအမှတ်ပြု ISO 14001:2015 ရထားတဲ့ ကျန်းမာရေးအထောက်အကူပြု အမျိုးသမီး လစဉ်သုံး ပစ္စည်းဖြစ်ပါတယ်။ အမျိုးအစား ၄ ရောင်ရှိပါတယ်။ ဘယ်လိုသုံးရလဲဆိုတာကို ပြောပြမယ်နော်။

၁။ လိမ္မော်ရင့်ရောင် = ဒါလေးကတော့ ၄ မျိုးထဲမှာ အရှည်ဆုံးတစ်ခုဖြစ်ပါတယ်။ 12 လက်မ ရှိပါတယ်။ မေ့ FAVOURITE ကြီးပါရှင်။ အထဲမှာ ၈ ခုပါတယ်။ တစ်ထုပ်ကို ၂၅၀၀ ကျပ်ပါ။ အထုပ်ကသာ သေးသေးလေး။ မသိရင် ပါပါးနဲ့သေးသေးလေး ထင်ရတယ်။ မဟုတ်ဘူးဗျာ။ အထဲမှာ ဖွင့်ပြီး တစ်ခု ထုတ်ကြည့်လိုက်တာ အကြီးကြီး။ ကံကောင်းချက်ပဲလေ။ အထူးသဖြင့် ညအိပ်တဲ့အချိန်တို့ ဒလဟောလာနေတဲ့ အချိန်ဆိုရင် ညအိပ်ဝတ်တွေ အခင်းတွေပေမှာ စိတ်မပူရတော့အောင်ပေါ့နော်။ အကြီးကြီးဆိုလို ဗျက်ကျယ်တာမဟုတ်ဘူး။ ရှည်တာပါ။ အထူကြီး မဟုတ်ဘူး။ ပါးပါးလေးရှင်။ အရှေ့အနောက်လုံး၀ လုံခြုံစေတယ်။ ခုလုခုလုနဲ့အထူကြီးလည်း မဟုတ်ဘူး။ Night Use လေးမို့ ညအိပ်တဲ့ အချိန်မှာဆို ဒီဟာက အသင့်တော်ဆုံးပဲ။

၂။ အပြာရောင် = ဒါကတော့ ဒုတိယ အကြီးဆုံး။ ၁၁ လက်မရှိတယ်။ Normal Night Use လို့ပြောတယ်။ ဆိုတော့ မေက ဒါလေးကို အများကြီးမဆင်းတဲ့ ည (သို့မဟုတ်) အများကြီးဆင်းတဲ့ နေ့တွေမှာ သုံးလေ့ရှိပါတယ်။ gym ကစားတဲ့ အချိန်မှာလည်း သုံးတယ်။ ဘယ်နားမှာမှကို မပေတော့တာ။ Day, Night ကြိုက်သလို အဆင်ပြေသလိုသုံးပေါ့နော်။ ဈေးနှုန်းကတော့ တစ်ထုပ်ကို ၂၁၀၀ ကျပ်ဖြစ်ပြီး pad ကတော့ ၈ ခုပါပါတယ်။

၃။ ခရမ်းရောင် = Day Use ဖြစ်ပါတယ်။ နေ့သုံးပေါ့နော်။ အရှည်က ၉ လက်မရှိပါတယ်။ ၉ လက်မရှည်တယ်ဆိုတာကလည်း နည်းလား။ :’) ဒီ ၃ မျိုးလုံးက အတောင်ပံပါတယ်။ သူလည်း အတောင်ပံနဲ့ကိုယ်လည်း အတောင်ပံပါသလိုမျိုးကို ပေါ့ပေါ့ပါးပါးပဲ ခံစားရတယ်။ စုပ်ယူမှုအား အရမ်းကောင်းတယ်။ ဘာလို့လည်းကိုတော့ အောက်မှာထပ်ရှင်းပြပေးမယ်။ တစ်ထုပ်မှာ ၁၀ ခုပါပြီး ဈေးကတော့ ၂၂၅၀ ကျပ်ပါ။

၄။ အစိမ်းရောင် = Panty Liner ဖြစ်ပါတယ်။ Panty Liner ဆိုတာကလေ မေတို့မိန်းကလေးတွေ ရာသီမလာတဲ့ အချိန်မျိုးတွေမှာ နေ့စဉ်သုံးရတဲ့ pad လေးဖြစ်ပါတယ်။ တစ်ချို့တွေဆို အဖြူဆင်းတာကို ဒီအတိုင်းဘာမှ မခံပဲထားလိုက်တယ်။ ဒီလိုထားလိုက်တဲ့ အချိန်မှာ အတွင်းခံဘောင်းဘီမှာ ပေကြံသွားတဲ့ အဖြူတွေကနေ တစ်ဆင့် ဘက်တီးရီးယားတွေ ပေါက်လာပြီး စဒုက္ခပေးပါတော့တယ်။ Panty Liner ကိုအဖြူဆင်းတဲ့ အခါ၊ ရာသီပြီးသွားသော်လည်း အနည်းငယ်လာနေသေးတဲ့ အခါမျိုးတွေမှာ သုံးလေ့ရှိပင်မယ့် မေကတော့ နေ့စဉ်သုံးပေးဖို့အတွက် အကြံပြုချင်ပါတယ်။ ဒါလေးကတော့ အတောင်ပံမပါပါဘူး။ အရှည် ၆ လက်မရှိပါတယ်။ တစ်ထုပ်ကို ၂၄၀၀ ကျပ်ဖြစ်ပြီး အခု ၃၀ ပါပါတယ်။ အဝသုံးပေါ့နော်။ 😀

✔မိန်းမကိုယ်တွင်း pH Level ကိုဘယ်လို စစ်မလဲ?
သူ့မှာက တစ်ထုပ်မှာဆို pH တိုင်းတာလို့ရတဲ့ strip လေးတစ်ခုပါတယ်။ ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ ကိုယ့်ရဲ့မိန်းမကိုယ် ကျန်းမာလား မကျန်းမာလား တိုင်းလို့ရတာပေါ့နော်။ ဒါတိုင်းမယ်ဆိုရင် ရာသီလာနေတဲ့ အချိန်မှာ တိုင်းလို့မရပါဘူး။ ဘယ်လို အသုံးပြုရမလဲပြောပြမယ်။
–အထုပ်ကို ဖွင့်လိုက်ရင် အထဲမှာ ခရမ်းရောင်နဲ့အိတ်ကလေး တစ်ခုတွေ့ပါလိမ့်မယ်။
–ထိုအိတ်ကလေးအထဲမှာ ထိပ်မှာ ဝါနေတဲ့ strip ကဒ် အရှည်လေးတစ်ကဒ်၊ ပိုးသတ်ထားတဲ့ ဂွမ်းတံ နဲ့ အရောင်တွေပြထားတဲ့ ကဒ်တစ်ကဒ်ပါဝင်ပါတယ်။
–အရင်ဆုံး ပိုးသတ်ထားတဲ့ ဂွမ်းတံလေးကို မိန်းမကိုယ်ရဲ့အဝမှာ သုတ်လိမ်းလိုက်ပါ။
–ပြီးရင် strip ကဒ်လေးရဲ့ဝါနေတဲ့ နေရာလေးမှာ ဂွမ်းတံကို တင်ထားပြီး ၁၀ စက္ကန့်ခန့်စောင့်လိုက်ပါ။
–၁၀ စက္ကန့်နေလို့မှ ဘာအရောင်မှ မပြောင်းဘူးဆိုရင် မိန်းမကိုယ် pH level သည် ပုံမှန်ဖြစ်ပြီး ကျန်းမာနေပါတယ်။
–သို့မဟုတ် တခြားသော အရောင်တွေ (ကဒ်မှာ ပြထားတဲ့ တခြားအရောင်မျိုးတွေ) အဖြစ် အရောင်ပြောင်းသွားရင်တော့ ဒါဟာ pH level ပုံမှန်မဟုတ်ပဲ မိန်းမကိုယ်မှာ တခြားသော ရောဂါများရှိနေပြီမို့ဆရာဝန်ထံသို့သွားရောက်ပြသဆွေးနွေးပါလို့နော်။

??SHUYA ကို Beauty Diary ဆိုင်ခွဲတွေမှာလည်း ဝယ်လို့ရတယ် ပြီးတော့ တခြားသော ဆိုင်တွေမှာလည်း ရပါတယ်တဲ့ရှင်။ သူတို့ page ကနေလည်း မှာယူလို့ရပါတယ်တဲ့ဗျာ။ ၅ ခုနဲ့အထက်ဝယ်ယူရင် Free Delivery ပေးတယ်လို့သိရပါတယ်။ တခြားသိချင်တာတွေရှိရင် သူ့page လေးကို ဝင်ရောက်မေးမြန်းပြီး မှာယူလို့ရပါတယ်လို့။

www.facebook.com/shuyamyanmar/Shuya Myanmar

ဒါဆိုရင်တော့ မေရှင်းပြသလောက်တော့ သိသင့်သလောက် သိရပြီလို့ထင်ပါတယ်နော်။ မေလည်း အတတ်နိုင်ဆုံး တို့ညီမနဲ့မမတွေ အတွက် menstruation နဲ့ပတ်သက်တာတွေ အများကြီး ရေးပေးထားပါပြီ။ မိမိကျန်းမာရေးကို မိမိသာလျှင် ဂရိုစိုက်လို့ရမှာမို့ သေချာဂရုစိုက်ကြပါနော်။

ရာသီလာချိန် ရှောင်ရန်၊ ဆောင်ရန် =

https://m.facebook.com/story.php?story_fbid=1367468250005706&substory_index=0&id=1280302448722287

မိန်းကလေးများ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိနိုင်ရန် ရည်ရွယ်၍……

May (Follow Her)