No.(I-15), Sabal Street, Pan Hlaing Avenue, Sanchaung, Yangon.

Health Shuya(Myanmar)

Health Shuya (Sanitary Napkin)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဖော်ပြချက်အရအမျိုးသမီး(၈၀)ရာခိုင်နှုန်းသည်မိမိကိုယ်အင်္ဂါရောင်ရမ်းခြင်းဝေဒနာဖြစ်ပေါ်လေ့ရှိကြသည်။ယင်းဖြစ်ပေါ်မူအကြောင်းရင်းတွင်(၆၀)ရာခိုင်နှုန်းသည်လစဉ်သုံးသန့်ရှင်းရေးပုဝါ(ဂွမ်းထုတ်)အရည်အသွေးညံ့ဖျင်းမှုကြောင့်ဖြစ်သည်။ထို့ကြောင့်ယခုခေတ်မီကျန်းမာရေးဂရုစိုက်သောအမျိုးသမီးတိုင်းအတွက် ယုံကြည်စိတ်ချရသော ကောင်းမွန်သောသန့်ရှင်းရေးပုဝါ (ဂွမ်းထုတ်) အသုံးပြုရေးမှာ အထူးအရေးကြီးလှပေသည်။

Health Shuya သည် ရေတံခွန်များ၏သိပ္ပံပညာဆိုင်ရာဖြစ်စဉ်သဘောကို အသုံးပြုပြီး တကမ္ဘာလုံး ရှိ အမျိုးသမီးများအတွက် အဆိပ်အတောက်ကင်းပြီး ကျန်းမာရေးကို ပိုမိုကောင်း မွန်စေသောထုတ်ကုန်ကို ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများ ပိုမိုကောင်းမွန်သည့်နေ့ရက်များ ပိုင်ဆိုင်စေရေးတွက် ရည်မှန်းပြီး တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီသည် ကလေးငယ်များ နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် လိုအပ်သည့် ပစ္စည်းများ၊အမျိုးသမီးများအတွက် အလှကုန်ပစ္စည်းများနှင့် ဖြည့်စွက်ပစ္စည်းများကို ထုတ်လုပ်ပေးလျက်ရှိပါသည်။

Health Shuya သည် သဘာဝတရား၏ ထူးခြားသည့်စွမ်းအင်ကို အသုံးချကာ အမျိုးသမီးများ၏ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး သက်တောင့်သက်သာဖြစ်စေသော အမျိုးသမီးလစဉ်သုံးပစ္စည်းများကို တီထွင်ထုတ်လုပ်ထားပြီး ကျွန်ုပ်တို့၏ ထုတ်ကုန်များမှာ ညစ်ညမ်းစေသောပစ္စည်းနှင့် ဓာတုပစ္စည်းများ မပါဝင်ချေ။Health Shuya သည်ရေတံခွန်များတွင်တွေ့ရသော negative ions (anions) (လေကိုလန်းဆန်းစေသည့်အမအိုင်ယွန်များ)ပါဝင်သည့် အစိမ်းရောင်အစတစ်စ ပါဝင်သည်။

Health Shuya သည် အမျိုးသမီးများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ လိုအပ်ချက်နှင့် ကိုက်ညီသည့်အပြင် Anion ထုတ်လွှင့်မှု၏ ကောင်းကျိုးရလဒ်များကိုပါ ဖြည့်ဆည်းပေးသည့် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို မိတ်ဆက်ပေးလိုက်ပါသည်။Anions ဆိုသည်မှာ သဘာဝဖြစ်စဉ်အရ ထွက်ပေါ်လာသည့် အမအိုင်ယွန်များဖြစ်ပြီး အမျိုးသမီးများ၏ အထွေထွေကျန်းမာရေးနှင့် သက်တောင့်သက်သာဖြစ်မှုကို ပိုမိုရရှိစေသည့် အရာများဖြစ်သည်။

အမျိုးသမီးလစဉ်သုံးပစ္စည်းတွင်ပါဝင်သည့်အရာများ

Anions များ၊ ဘက်တီးရီးယားပေါက်ပွားမှုကို တားဆီးပေးခြင်းနှင့် ဇီဝသံလိုက်စွမ်းအင်ပြား bio-magnetic chip

သုတေသနနှင့် စမ်းသပ်မှုများ မြောက်မြားစွာ ပြုလုပ်ပြီးသည့်နောက် ကျွန်ုပ်တို့ကုမ္ပဏီ၏ သုတေသနနှင့်ထုတ်လုပ်ရေးအဖွဲ့သည် ဘက်တီးရီးယားပေါက်ပွားမှုကို တားဆီးပေးနိုင်သော အမအိုင်ယွန်ထုတ်လွှတ်မှုဖြစ်စဉ်ကို ပိုမိုဖြစ်ပေါ်စေသည့် anion ပါအမျိုးသမီးလစဉ်သုံးပစ္စည်းများကို ထုတ်လုပ်နိုင်ခဲ့ပါသည်။

အမျိုးသမီးလစဉ်သုံးပစ္စည်းများတွင် Anion chip နှင့် far infrafed ray အနီအောက်ရောင်ခြည်လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားသည့်အတွက် အောက်ဆီဂျင်မဲ့ ဘက်တီးရီးယားများ ပေါက်ပွားမှုကို တားဆီးပေးခြင်း၊ကိုယ်တွင်း သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေခြင်း၊ ဇီဝအင်ဇိုင်းများကြီးထွားမှုကို အားပေးခြင်း၊သားအိမ်လမ်းကြောင်းတွင်း အက်ဆစ်ထွက်ရှိမှုကို ထိန်းညှိပေးခြင်းနှင့် အမျိုးသမီးများ၏ ကိုယ်ခံအားနှင့် ရောဂါကာကွယ်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေခြင်းတို့ကို အကျိုးကျေးဇူးအဖြစ် ရရှိစေမည်ဖြစ်သည်။

ဇီဝသံလိုက်ဓာတ်ဖြစ်စဉ်နှင့်လူ့ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကို ဖြစ်ပေါ်စေသည့် Anion chip တွင် Strontium ferrite သံလိုက်မှုန့်ထည့်ပေးထားသည့်အတွက် အမျိုးသမီးများအား ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးပြီး မိန်းမကိုယ်တွင် ယားယံမှုဖြစ်ခြင်းမရှိအောင်လည်း ကာကွယ်ပေးသည်။

သက်တောင့်သက်သာဖြစ်မှု

“Shuya” ၏ လစဉ်သုံးပစ္စည်းများသည် ပိုးသတ်ထားသည့် ၀ါဂွမ်းများဖြင့် ပြုလုပ်ထားသည့်အတွက် ယခင်တွေ့မြင်နေကျဖြစ်သော ဓာတုမျှင် (သို့) ၀ါဂွမ်းဖြင့် ပြုလုပ်ထားသည့် လစဉ်သုံးပစ္စည်းများနှင့် ယှဉ်ကြည့်ပါက ပိုမိုပါးလွှာပြီးနူးညံ့ကာ ပိုပြီးသက်တောင့်သက်သာဖြစ်စေသည်။

လေ၀င်လေထွက်ရှိခြင်း

ရေနှင့်လေ မထွက်နိုင်အောင် အောက်ခြေအလွှာကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် ယခင်အ သုံးပြုနေကျပစ္စည်းများနှင့်ယှဉ်ကြည့်ပါက “Shuya” လစဉ်သုံးပစ္စည်း၏ အောက်ခြေ အလွှာသည် လေ၀င်လေထွက်ရှိသော်လည်း အရည်များ စိမ့်မထွက်နိုင်အောင် ပြုလုပ်ထားရာ ဘက်တီးရီးယား ပေါက်ပွားမှုနှင့် မီးယပ်ရောဂါဖြစ်ပွားခြင်းတို့မှ ကင်းဝေးစေပါသည်။

အရည်စုပ်ယူနိုင်စွမ်း

Shuya လစဉ်သုံးပစ္စည်း၏ မျက်နှာပြင်၏ အရည်စုပ်ယူနိုင်စွမ်းသည် ယခင်အသုံးပြုနေကျ ပစ္စည်းများထက် သုံးဆပိုမိုစုပ်ယူနိုင်သည်။ဂျပန်နိုင်ငံထုတ် ဟိုက်ဒြိုဂျယ်သည် စိမ့်ဝင်လာသည့်အရည်များ ဘေးဘက်နှင့် အနောက်ဘက်သို့ ပျံ့နှံ့သွားစေခြင်းမရှိအောင် စုပ်ယူထိန်းထားနိုင်သည်။

ကျန်းမာရေးဆိုင်ရာအကာအကွယ်ပေးခြင်း

Shuya ၏ အမျိုးသမီးလစဉ်သုံးပစ္စည်းတွင် ၀ါဂွမ်းများအတွင်း anion အစလေးကို ထည့်သွင်းပေးထားသည်။ ယင်းအစကလေးသည် အသုံးပြုနေသည့် အချိန်တွင် anions များ အမြောက်အမြားထုတ်လွှတ်ပေးသည့်အတွက် ထွက်ပေါ်လာသည့် အောက်ဆီဂျင်များသည် မီးယပ်ရောဂါများ ဖြစ်စေသည့် အဓိကရင်းမြစ်ကို နှိမ်နှင်းပေးနိုင်သည်။ အောက်ဆီဂျင်ထွက်ပေါ်မှုကြောင့် မီးယပ်ရောဂါများ ဖြစ်ပေါ်နိုင်သည့်အလားအလာများလျော့နည်းသွားနိုင်ပြီး ယင်းဖြစ်စဉ်တစ်ခုလုံးသည် ဓာတုပစ္စည်း ကင်းစင်သည်။ အမျိုးသမီးများ၏ မိန်းမကိုယ်တွင်း PHသည် ပျမ်းမျှ ၄ မှ ၅.၅ အထိသာ ရှိသည်။

အောက်ခြေတွင်ပါသည့်ကော်

ယခင်အသုံးပြုနေကျ လစဉ်သုံးပစ္စည်းများတွင် ပါဝင်သည့်ကော်သည် စက်ရုံသုံးကော်များဖြစ်ပြီး အသုံးပြုပြီးပစ္စည်းကို ဖယ်လိုက်သည့်အခါ အတွင်းခံဘောင်းဘီတွင် ကော်စေးများကပ်ကျန်ခဲ့ပြီး အသုံးပြုသူ၏ နူးညံ့သည့်အင်္ဂါအစိတ်အပိုင်းနှင့်ထိတွေ့မှုဖြစ်စေနိုင်ပြီး ရောဂါများ ဖြစ်ပွားစေနိုင်သည့် အပြင် ကျန်းမာရေးဆိုင်းရာနောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ Shuya က အသုံးပြု ထားသည့်ကော်မှာ အဆိပ်အတောက်မရှိသည့်အပြင် စား၍ရနိုင်သောကော်မျိုးဖြစ်သည်။

Anions ဆိုသည်မှာ

အဖိုအိုင်ယွန်နှင့် အမအိုင်ယွန်ဟု အိုင်ယွန်နှစ်မျိုးရှိပြီး အဖိုအိုင်ယွန်ဆိုသည်မှာ မြင့်မားသည့်စွမ်းအင် သက်ရောက်မှုကြောင့် အီလက်ထရွန်တစ်ခု (သို့) အများအပြား ပျောက်ဆုံးသွားသည့် အက်တမ်များ ဖြစ်သည်။အဖိုအိုင်ယွန်များဖြစ်ပေါ်စေသည့် သဘာဝဖြစ်စဉ်များတွင် ရေဒီယို သတ္တိကြွသတ္တုပစ္စည်း အဆွေးအမြေ့များ၊ရေဒွန်ဓာတ်ငွေ့၊တောမီး၊လျှပ်စီးလက်ခြင်းနှင့် ခရမ်းလွန်ရောင်ခြည်တို့ ပါဝင်သည်။ Anion(အမအိုင်ယွန်) ဆိုသည်မှာ ပရိုတွန်ထက် အီလက်ထရွန်များ ပိုများသည့် အက်တမ် (သို့) မော်လီကျူးများဖြစ်ပြီး အမလျှပ်စစ်ဓတ်များ ထွက်ပေါ်သည့်အမှုန်များဖြစ်သည်။သဘာဝဖြစ်စဉ်တွင် အမအိုင်ယွန်များသည် နေရောင်ခြည်၊ရောင်ခြည်တန်း နှင့် လှုပ်ရှားနေသည့်ရေ (သို့) လေ မှ ကွဲထွက်လာသည့် လေမော်လီကျူးများမှ ဖြစ်ပေါ်လာသည်။အမအိုင်ယွန်များကို သစ်တောများ၊ သမုဒ္ဒရာများအနီးနှင့် ရေတံခွန်များအနီးတွင် တွေ့နိုင်သည်။ အမအိုင်ယွန်များသည် စိတ်ဖိစီးမှုကို လျှော့ကျစေပြီး စိတ်အားငယ်မှုကို ပပျောက်စေသည့်အပြင် စွမ်းအင်များကိုလည်း တိုးပွားစေသည်။ အမအိုင်ယွန်များက ယင်းကဲ့သို့ ကောင်းကျိုးများ ရှိသော်လည်း အဖိုအိုင်ယွန်များမှာမူ လူ့ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေသည်။ လေထုအတွင်းရှိ anion များသည် အစားအစာများရှိ ဗီတာမင်များနှင့်တူသည်၊လူသားများ၏ ကျန်းမာရေးနှင့် နေ့စဉ်လှုပ်ရှားမှုများအတွက် များစွာအထောက်အကူပြုသည်။ထို့ကြောင့် အမအိုင်ယွန်များကို လေထုထဲမှ ဗီတာမင်များဟု ညွှန်းဆိုကြသည်။ အမအိုင်ယွန်များသည် ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ခြင်း နှင့် ရောဂါကာကွယ်ခြင်းများအတွက် အကျိုးပြုပြီး ယင်း၏ ကောင်းကျိးများမှာ အင်္ဂါအစိတ်အပိုင်းအ မျိုးမျိုးပေါ်မူတည်ပြီး တစ်ခုနှင့်တစ်ခု မတူညီကြချေ။ အသက်ရှူလမ်းကြောင်းစနစ်- အဆုတ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပိုမိုကောင်းမွန်စေ သည်။အမအိုင်ယွန်များရရှိပြီး မိနစ်၃၀အကြာတွင် အဆုတ်သည် အောက်ဆီဂျင် ၂၀ ရာခိုင်နှုန်း ပိုမိုရှုသွင်းနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုက် ၁၄ဒသမ၅ရာခိုင်နှုန်း ပိုမိုရှူထုတ်နိုင်သည်။ နှလုံးနှင့်သွေးလှည့်လည်မှုစနစ်-သွေးဖိအားကို သိသိသာသာကျဆင်းစေပြီး နှလုံးကြွက်သား လှုပ်ရှား မှုနှင့် အဟာရရရှိမှုကို ပိုမိုကောင်းမွန်စေကာ သွေးကြောမျှင်များ ကြီးထွားလာစေခြင်းနှင့် အရေပြား အပူချိန်မြင့်တက်ခြင်းတို့အတွက်လည်း အထောက်အကူဖြစ်စေသည်။ အာရုံကြောစနစ်- ခန္ဓာကိုယ်တစ်ခုလုံးတွင် အင်အားဖြစ်ထွန်းစေပြီး အလွယ်တကူ အိပ်ပျော်နိုင်စေ သည့်အပြင် နာကျင်ခြင်းနှင့် စိတ်ဖိစီးမှုများကို လျော့ကျစေသည်။ ဇီဝတွင်းဖြစ်ပျက်မှုစနစ်-ခန္ဓာကိုယ်တွင်း အင်ဇိုင်းအမျိုးမျိုးဖြစ်ပေါ်စေပြီး သွေးတွင်းသကြားဓာတ်နှင့် ကိုလက်စရောကို လျှော့ချပေးသည်။သွေးတွင်း ကယ်လ်ဆီယံဓာတ်ကို မြှင့်တင်ပေးပြီး ဆီးရွှင်စေကာ ဆီးတွင် နိုက်ထရိုဂျင်နှင့် creatinine တို့ကို မြင့်တက်စေသည်။ အရိုးကြီးထွားမှုကို မြှင့်တင်ပေးပြီး ဒူလာမီးယပ်၊ အရိုးပျော့ရောဂါနှင့် ဗီတာမင်ချို့တဲ့ခြင်းတို့မှ ကာကွယ်ပေးသည်။ သွေးဖြစ်ပေါ်မှုစနစ်- သွေးဖြူဥနှင့် သွေးနီဥအရေအတွက် ၊ ဟေမိုဂလိုဘင် နှင့် သွေးတွင်းဆဲလ်များ များပြားစေခြင်း ၊ PH အဆင့် များပြားစေခြင်း နှင့် သွေးဖြစ်ပေါ်မှုအချိန်ကို တိုတောင်းစေခြင်း ကိုယ်ခံအားစနစ်-တန်ပြန်ခုခံသည့်စနစ်ကို ပိုမိုကောင်းမွန်စေပြီး ခန္ဓာကိုယ်၏ ရောဂါတိုက်ဖျက်နိုင်စွမ်းကို မြှင့်တင်ပေးသည်။

SHUYA

ကျန်းမာရေးအထောက်အကူပြုအမျိုးသမီးများလစဉ်သုံးပုဝါသည်ကျန်းမာရေးကိုအလေးထားသောအမျိုးသမီးများအတွက် အရည်အသွေးလွန်စွာကောင်းမွန်သော Premium Quality Product အမျိုးအစားဖြစ်ပါတယ်။ SHUYAမှာအရည်အသွေးလွန်စွာကောင်းမွန်သောအလွှာ(၈)လွှာဖြင်ပြုလုပ်ထားပြီး သာမန်အမျိုးသမီးလစဉ်သုံးပစ္စည်းများထက် အရည်အသွေး အစွမ်းအစ လွန်စွာကွာခြားပါတယ်။

(၁) ပထမအလွှာ - ပျော့ပြောင်းနူးညံ့ပါးလွှာသော ပိုးချည်(ပိတ်စိမ်းပါး)အရည်ကိုစုပ်ယူသော မျက်နှာပြင် ဖြစ်သည်။ အရည်စုတ်ယူရာတွင်(၃)ဆပိုမြန်မည်။

(၂) ဒုတိယအလွှာ - ဘက်တီးရီးယားပိုးမွှားများကို ထိရောက်စွာတိုက်ဖျက်ကာကွယ်သော ကာကွယ်ရေး ဆေးချပ်လွှာ။

(၃) တတိယအလွှာ - လေသွင်းစက္ကူခေါက်

(၄) စတုတ္ထအလွှာ - ထိခိုက်ပွန်းရှမှုကို ကာကွယ်ပေးသည့်အ၀တ်လွှာ၊ အရည်စုပ်ယူမှုဟန်ချက်ကောင်း သည်။ ဘေးအနားမှယိုစိမ့်ထွက်မှုကိုကာကွယ်သည်။

(၅) ပဉ္စမအလွှာ - ထိပ်တန်းစုပ်ယူမှုအားအကောင်းဆုံး ပေါ်လီမာ(Polymer) ဒြပ်ပေါင်း

(၆) ဆဌမအလွှာ - လေသွင်းစက္ကူခေါက်

(၇) သတ္တမအလွှာ - ပျောင်းအိညက်ညောသော အောက်ခံလွှာ

(၈) အဌမအလွှာ - အရည်အသွေးကောာင်းမွန်သော ကော်များကို အသုံးပြုထားပြီး တောင်ပံလေးများ ပါဝင်သည့်အတွက် ထိုင်ခြင်း၊ ထခြင်း၊ အလိုလိုပြုတ်ကျခြင်း၊ လှုပ်ရှားသွားလာမှုကြောင့် နေရာရွှေ့ခြင်းမရှိဘဲ အားလုံးကို အဆင်ပြေစေ၍ မြဲမြံစေပါသည်။

Shuya ၏ အမျိုးသမီးလစဉ်သုံးပစ္စည်းများသည် မည်သည့်အချက်ကြောင့် ထူးခြားနေရသနည်။

(လူ့ခန္ဓာကိုယ်မှ အပူဖြာထွက်သည့် အကွာအဝေးအတွင်းရှိ) far Infrared rays အနီအောက်ရောင် ခြည်များနှင့် အမအိုင်ယွန်အစလေးသည် ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသည့် ပွတ်အားနှင့် အပူထုတ်လွှတ်မှုအရ လေတစ်ကုဗစင်တီမီတာလျှင့် အမအိုင်ယွန် ၅၈၁၀ ထုတ်လွှတ်နိုင်သည်။ အနီအောက်ရောင် ခြည် နှင့် ကျွန်ုပ်တို့၏ အမအိုင်ယွန်နည်းပညာသုံးထုတ်ကုန်ကြောင့် အသုံးပြုသူ၏ အရေပြားကို ကျန်းမာစေပြီး သက်တောင့်သက်သာဖြစ်စေသည်။

Shuya ၏ ပစ္စည်းများ လေ၀င်လေထွက်ကောင်းအောင် မည်သည့်အတွက်ကြောင်း ဖန်တီးထားသနည်း။

လေ၀င်လေထွက်ရှိစေသည့် အောက်ဆုံးအလွှာသည် လေကိုသာ အ၀င်အထွက်ရှိစေပြီး အရည်များ ကို စိမ့်ထွက်စေခြင်းမရှိသည့်အတွက် သုံးစွဲသူကို ခြောက်သွေ့ပြီး အေးမြမှုကို ဖြစ်စေသည်။

Shuya ၏ ပစ္စည်းများတွင် မည်သည့်အတွက်ကြောင့် မွှေးရနံ့မထည့်ပေးထားရသနည်း။

မွှေးရနံ့မှာ သန့်ရှင်းခြင်းနှင့်တစ်ကိုယ်ရည်သန့်ရှင်းမှုရှိသည်ဟု မဆိုလိုပါ။ထို့အပြင် မွှေးရနံ့ပါဝင်သည့် လစဉ်သုံးပစ္စည်းများကြောင့် အမျိုးသမီးများကို ဓာတ်မတည့်မှုဖြစ်စေနိုင်သည့် အချက်များရှိနေသည့် အပြင် ရာသီမလာခင်နှင့် ရာသီလာပြီးအချိန်များတွင် အင်္ဂါဇာတ်တွင် ယားယံမှုဖြစ်ပေါ်စေနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။

ထုတ်ပိုးမှု၏ အားသာချက်များမှာ မည်သည့်အချက်များဖြစ်သနည်း။

အများအားဖြင့် အမျိုးသမီးလစဉ်သုံးများကို ရေချိုးခန်းများတွင် ထားလေ့ရှိသည်။ နွေးထွေးပြီး စိုစွတ် သည့်နေရာများသည် ဘက်တီးရီးယားမျိုးစုံပေါက်ပွားစေနိုင်သည့် နေရာများဖြစ်သည်။ Shuya ၏ လစဉ်သုံးပစ္စည်းများကို အစားအစာများထုပ်ပိုးသည့် ခဲစက္ကူဖြင့် ထုတ်ပိုးထားသည့်အတွက် ဖွင့်ထားပြီးသည့် ဂွမ်းထုတ်များကို ပြန်လည်အသုံးပြုနိုင်သည်။ ဂွမ်းထုတ်၏ ခဲပတ်စက္ကူကို အကြိမ်ကြိမ် ဖွင့်နိုင်ပိတ်နိုင်သည်။

ပါကင်တစ်ထုတ်အတွင်း ဂွမ်းထုတ်တစ်ခုစီကို ထုတ်ပိုးထားသည့်အတွက် မည့်သည့်အားသာ ချက်များ ရှိသနည်း။

လစဉ်သုံးပစ္စည်းပါကင်တစ်ထုတ်အတွင်း ဂွမ်းထုတ်တစ်ခုချင်းစီကို ပိုးသတ်ပြီး လေလုံပိတ်ထုပ်ပိုးထားသည့်အတွက် ပါကင်အထုတ်ကို ဖွင့်ထားနိုင်သည်။ထို့အပြင် တစ်ခုချင်းစီိကို ပိုးသတ်ထားသည့် အခြေအနေမှ ထိခိုက်ပျက်စီးစေခြင်း မရှိဘဲ လက်ကိုင်အိတ် (သို့) အခြားနေရာများတွင်း ထည့်ထားနိုင်သည်။

ယခုထုတ်ကုန်အတွက် အသုံးပြုထားသည့် ပစ္စည်းများတွင် မည်သည့်အားသာသချက်များ ရှိသနည်း။

နူးညံ့သည့်ဝါဂွမ်းမျက်နှာပြင်သည် နူးညံ့သည့်ခံစားမှုကို ရရှိစေပြီး အရည်များ အလွယ်တကူစိမ့်ဝင် နိုင်သည့်အပြင် ဓာတ်မတည့်မှုဖြစ်ပေါ်ခြင်းမှလည်း ကင်းဝေးစေသည်။ အရည်များကို စုပ်ယူသည့် အလွှာသည် သာမာန်စုပ်ယူမှုထက် ပိုမိုစုပ်ယူနိုင်စွမ်းရှိပြီး လျှံထွက်ခြင်းမဖြစ်ပေါ်အောင် ကာကွယ်ပေး သည်။ယင်းအလွှာကို ပတ်ထားသည့်စက္ကူမှာ အမှုန်အမွှား မပါသည့်အပြင် စက္ကူအသစ်ကို အသုံးပြုထားခြင်းဖြစ်သည်။ပြန်လည်ပြုပြင်ထားသည့် စက္ကူများတွင် အမျိုးသမီးများ၏ကျန်းမာရေးကို ဘေးဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ ပါဝင်ကောင်း ပါဝင်နိုင်သည့်အတွက် ယင်းအချက်ကို အလေးထား ကာ စက္ကူအသစ်ကိုသာ အသုံးပြုထားခြင်းဖြစ်သည်။ ကပ်ခွာအတွက်ကော်မှာလည်း အစားအစာမှရရှိ သည့် ကော်မျိုးဖြစ်သည့်အတွက် အတွင်းခံကိုလျှော်ပြီးနောက်ကော်စေးကျန်နေပါကလည်း ဘေးကင်းပါသည်။

ကိုယ်တိုင်စစ်ဆေးနိုင်သည့်ကဒ်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် ထည့်ပေးထားသနည်း။

မိန်းမကိုယ်၏ PH အမှတ်ကို ကိုယ်တိုင်စစ်ဆေးနိုင်သည့် ကဒ်ကို ထည့်ပေးထားရသည့် ရည်ရွယ်ချက်မှာ အဆင်ပြေသည့်အချိန်၊ အဆင်ပြေသည့်နေရာတွင် လိုအပ်ပါက ကိုယ်တိုင်တိုင်းနိုင်ရန်အတွက် ဖြစ်သည်။ထို့အပြင် လိုအပ်ပါက ကျွမ်းကျင်သူနှင့် တွေ့နိုင်ပါသည်။ မှန်ကန်သည့်အဖြေရရှိနိုင်စေရန် ပါကင်အထုတ်၏နောက်ဘက်တွင် ဖော်ပြထားသည့် အသုံးပြုနည်းလမ်းညွှန်ကို ဖတ်ရှုပြီး ကိုယ်တိုင် တိုင်းနိုင်ပါသည်။

ဂွမ်းထုတ်တစ်ခုစီမှ အမအိုင်ယွန်များ အချိန်မည်မျှကြာသည်အထိ ထုတ်ပေးနိုင်သနည်း။

Shuya ၏ လစဉ်သုံးပစ္စည်းတစ်ခုသည် ၁၀နာရီမှ ၁၂နာရီကြာအထိ အိုင်ယွန်များ ထုတ်ပေးနိုင်သည်။

Oxygen+FIR+Negative Anion သတ္တိကြွ(အမျိုးသမီးများလစဉ်သုံးပုဝါ) (မြန်မာနိုင်ငံတွင် သန့်ရှင်းရေးဂွမ်းထုတ်ဟုခေါ်သည်။)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဖော်ပြချက်အရအမျိုးသမီး(၈၀)ရာခိုင်နှုန်းသည် မိမိကိုယ်အင်္ဂါရောင်ရမ်းခြင်းဝေဒနာဖြစ်ပေါ်လေ့ရှိကြသည်။ ယင်းဖြစ်ပေါ်မူအကြောင်းရင်းတွင်(၆၀)ရာခိုင်နှုန်းသည်လစဉ်သုံးသန့်ရှင်းရေးပုဝါ(ဂွမ်းထုတ်)အရည်အသွေးညံ့ဖျင်းမှုကြောင့်ဖြစ်သည်။ ထို့ကြောင့်ယခုခေတ်မီကျန်းမာရေးဂရုစိုက်သောအမျိုးသမီးတိုင်းအတွက်ယုံကြည်စိတ်ချရသောကောင်းမွန်သောသန့်ရှင်းရေးပုဝါ(ဂွမ်းထုတ်)အသုံးပြုရေးမှာအထူးအရေးကြီးလှပေသည်။ Shuyaကျန်းမာရေးသန့်ရှင်းရေးပုဝါသည်နည်းပညာနှစ်မျိုးဖြင့်ရောယှက်ထားပြီးသတ္တိကြွအောက်စီဂျင်NegativeIonနှင့်ခရမ်းရောင်လွန်ရောင်ခြည်တို့နှင့်ထိရောက်မှုရှိအောင်ပါင်းစပ်ဖွဲ့စည်းထုတ်လုပ်ထားပါသည်။ ယင်းပုဝါသည်အန္တရာယ်ပြုသောဘက်တီးရီးယားကို ကာကွယ်တားဆီးနိုင်ရုံသာမကလူကို အကာအကွယ်ကူညီသည့်ဘက်တီးရီးယားကိုလည်းကာကွယ်စောင့်ရှောက်ပေးပါသည်။ အမျိုးသမီး၏ကိုယ်အင်္ဂါကိုအလိုအလျှောက်သန့်ရှင်းစင်ကြယ်စေသည့် သတ္တိရှိပြီး ကိုယ်ခံစွမ်းအား၊ အန္တရာယ်ကာကွယ်နိုင်စွမ်းအားမြင့်မားတိုးတက်စေပါသည်။ ထိရောက်စွာကာကွယ်နိုင်ပါသည်။ အမျိုးသမီးတိုင်းအားကျန်းမာသန့်ရှင်းစေသည်။ သွက်လက်ပေါ့ပါးစွာသက်တောင့်သက်သာစိတ်ကြည်လင်လန်းဆန်းစေပါသည်။

Negative ion

နည်းပညာကို လေထုဗီတာမင် “အသက်ရှည်ခြင်းအကြောင်းအရင်း” နည်းပညာများဖြင့် အမည်ကျော်ကြား လူသိများလှပါသည်။ လေထုတွင် Negative ion သည် 5000 cm ရှိလျှင် ကိုယ်ခံအားကောင်းစေသည်။ ဘက်တီးရီးယားပိုးကို တိုက်ဖျက်စွမ်းအားကောင်းစေသည်။ စိတ်ဖိစီးတင်းကြပ်မှုလျော့ကျစေသည်။ စိတ်ဂယောင်ခြောက်ခြားဖြစ်မှု နည်းပါးစေသည်။ ဟော်မုန်းအားတိုးတက်စေပြီး ဇီဝကမ္မဖြစ်စဉ်ကို မှန်ကန်ကောင်းမွန်စေပါသည်။ Shuga Health ဓာတ်ပေါင်းဆေးပစ္စည်းကြိုးပြားသည် Negative ions ကို 6100 cm3 အထိ ထုတ်လွှင့် ပေးပါသည်။

Oxygen 3 သတ္တိကြွ

သတ္တိကြွအောက်ဆီဂျင် (Oxygen)ကို သဘာဝမှရရှိပါသည်။ အသင့်အတင့်သန့်စင်ပြီးပါက အောက်စီဂျင် ဓာတ်ငွေ့အဖြစ် ပြောင်းလဲထုတ်ယူနိုင်ပါသည်။ အနယ်အနှစ်ကြွင်းကျန်ခြင်း (သို့မဟုတ်) ညစ်ညမ်းမှုအကျိုးဆက် ဖြစ်ပေါ်ခြင်းမရှိပါ။ သို့ဖြစ် ယင်းအောက်ဆီဂျင်ကို အသန့်ရှင်းဆုံးဓာတ်ပေါင်းနှင့် ကူးစက်ရောဂါကာကွယ်သော အကောင်းဆုံးဓာတုပစ္စည်းအဖြစ် မှတ်ယူကြပါသည်။ Shuga Health လေသန့်ရှင်းရေးပုဝါတွင်ပါရှိသည့် အောက်စီဂျင်သတ္တိကြွဖော်မြူလာသည် သန့်ရှင်းရေးပုဝါတွင် လေထိုးဖောက်အား (လေ၀င်လေထွက်) ကောင်းစေသည်။ မိမိအင်္ဂါနှင့် ပြင်ပနေရာကြားတွင် အောက်စီဂျင်တိုးဝင် လည်ပတ်မှုသွက်လက်စေသည်။ သက်သာရွှင်လန်းပြီး အမြဲသန့်ရှင်းနေစေပါသည်။ ယင်းပုဝါသည် အန္တရာယ်ရှိ သည့်လေမဲ့ပိုးကို သေစေပါသည်။ မိမိ၏ အန္တရာယ်ကာကွယ်နိုင်စွမ်းအား တိုးမြင့်စေပါသည်။

စူးရှသော ခရမ်းရောင်လွန်ရောင်ခြည်

Far Infrared Ray (FIR) စူးရှသောခရမ်းလွန်ရောင်ခြည်သည် သက်ရှိများအတွက် မရှိမဖြစ် အရေးပါသောပစ္စည်းဖြစ်သည်။ ယင်းကို “အသက်အလင်းရောင်လှိုင်း” ဟု ခေါ်ပြီးခန္ဒာကိုယ်တွင်းတွင် ကလာပ်စည်းများနှင့်တကွ (Resonance) သြဇာလှိုင်းကို ဖန်တီးပေးသည်။ - သွေးလည်ပတ်အားတိုးမြင့်စေပြီးသွေးကြောပိတ်ဆို့မှုများအား ရှင်းထုတ်ပေးသည်။ - ဆယ်လူလာ(Cellular)ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေသည်။ ကလာပ်စည်းများရှင်သန်တက်ကြွစေပြီး ကိုယ်ခံစွမ်းရည်စနစ် ပိုမိုခိုင်မာအားကောင်းစေပါသည်။ အရည်အသွေးမြင့်သော ဂျပန် SPA macromolecules (မော်လီကျူး) များဖြင့်ဖွဲ့စည်းပြုလုပ်ခြင်းကြောင့် စုပ်ယူအား (၃)ဆကျော်ကျော်ထိရောက်မှုအားကောင်းပါသည်။ Health active Oxygen + Far infrared energy + Fresh anion function compound tape. လတ်ဆက်မှုနှင့် လေ၀င်/လေထွက်အား - လေ၀င်လေထွက်အားကောင်းပြီး သက်တောင့်သက်သာရှိသော အောက်ခံအလွှာပါဝင်သည်။ ယိုစီးမှုကို ထိန်းသောအလွှာပါရှိသဖြင့် ဘေးကယိုစိမ့်ထွက်ခြင်း ၊ နောက်ကယိုစီးထွက်ခြင်းများကင်းဝေးပါသည်။ ပူပင်ကြောင့်ကြကင်းစွာ အသုံးပြုနိုင်ပါသည်။